လေဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၆-၂၀၂၀) ရက်နေ့၌ လွိုင်လင် မြို့နယ်၊ လွိုင်လင်အရှေ့ကျေးရွာအုပ်စု၊ ပါဟုတ်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေ အိမ်(၅)လုံး အမိုးလန်သွားပြီး လူဦးရေ(၂၁)ဦး လေဘေးဒဏ် ခံစားခဲ့ရသောကြောင့် လူနေအိမ် (၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ စုစုပေါင်း(၄၅၀၀၀၀/-) ကျပ်အား မြို့နယ် အုပ်ချုပ်ရေးမှူး၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ (၄-၆-၂၀၂၀)ရက်နေ့၊ (၈:၃၀)နာရီ အချိန်တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: : လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#shn_jun2020

Sign Up

Upcoming Events