
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြံခင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၃) အုပ်စု ကြာအင်း၊ ဆုံလဲ၊ မဲကုန်း ကျေးရွာခွဲ (၃) ရွာတွင် (၂-၆-၂၀၂၀) ရက်နေ့ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျအိမ်ခြေ (၁) လုံးနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးအိမ်ခြေ (၃) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၁၀,၀၀ဝ/-) ကျပ် လူဦးရေ (၁၂) ဦး အတွက် ဆန်ရိက္ခာ (၇) ရက်စာ ထောက်ပံ့ငွေ (၂၅,၂၀ဝ/-) ကျပ် စုစုပေါင်းရန်ပုံငွေ (၂၃၅,၂၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာတို့ကို ကြံခင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူများနှင့်အတူ (၄-၆-၂၀၂၀) ရက်နေ့(၁၁:၃၀) နာရီတွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_jun2020
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)