Author Archives: Department of Disaster Management
-
COVID-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝ ဘေးအန္တရာယ်များအားအသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၆-၂၀၂၀) ရက်နေ့တွင် ကျောက်ပန်းတောင်း မြို့နယ်နှင့် ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅)စုမှ ရွာပေါင်း (၂၀)ရွာသို့ သွားရောက်၍ Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် သတိပြုလိုက်နာရမည့် အချက်များ၊ မိုးကြိုးဘေးနှင့် လေပြင်းဘေးအန္တရာယ် များအကြောင်း ဆောင်ရန်/ရှောင်ရန်များကို ပြည်သူအများ သိရှိလိုက်နာနိုင်ရေး အသိပေးနှိုးဆော်ခဲ့ပြီး ခရိုင်ဦးစီးမှူးဦးဆောင်သည့်အဖွဲ့က ညောင်ဦးမြို့၊ မဏိစည်သူစျေးနှင့် မြို့ပေါ်ရပ် ကွက်များတွင် Covid-19 အကြောင်း သိကောင်းစရာများ၊ မီးဘေး၊ ရေဘေး၊ ငလျင်ဘေး … Read more
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေး အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၂၀) ရက် နေ့တွင် ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက် အတွင်းရှိ ပြည်သူများအား မိုးရာသီကာလအတွင်း ဖြစ်ပေါ်နိုင်သော သဘာဝဘေးအန္တရာယ်များနှင့် ပက်သက်၍ ဆောင်ရန်/ ရှောင်ရန်များ၊ covid19ရောဂါနှင့် ပက်သက်၍ အသိပညာပေးခြင်း၊ လော်စပီကာ၊ Hand Speaker ဖြင့် လိုက်လံဆော်သြုခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #tny_jun2020 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၂၀) ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ စေတီတောင်ရပ်ကွက်၊ ပရဟိတဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိလာသည့် တိုက်ပွဲရှောင်အိမ်ထောင်စု (၁၉)စု၊ လူဦးရေ (၇၈) ဦးတို့အတွက် ဆန်ရိက္ခာ(၂) ပတ်စာဖိုးထောက်ပံ့ငွေ (၃၂၇,၆၀၀/-) ကျပ်အား (၂၉-၆-၂၀၂၀) ရက်နေ့၊ (၁၄း၃၀)နာရီ အချိန်တွင် တိုက်ပွဲရှောင်ပြည်သူများထံသို့ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_otr #rke_jun2020
-
Covid_19ရောဂါကြိုတင်ကာကွယ်မည့် ပစ္စည်းများထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဗန်းမော်ခရိုင်ဦးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၆-၂၀၂၀) ရက်နေ့တွင် ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မံဝိန်းကြီးကျေးရွာရှိ၊ နှစ်ခြင်း IDP စခန်းရှိ အိမ်ထောင်စု(၂၄၃)စု၊ လူဦးရေ(၁၁၆၅)ဦးတို့အတွက် အပူချိန်တိုင်းကိရိယာ( ၂)ခု၊ hand speaker (၁)ခု၊ memory stick ( ၁ )ခု၊ ဘေစင် (၄)စုံ၊ ထုံး (၁၀) အိတ်၊ pari ဆပ်ပြာ (၁၁၆၅)ခဲ၊ famaily ဆပ်ပြာ(၄၈၆)ခဲ၊ လက်သန့်ဆေးရည်(၄၈၆)ဗူး၊ ဗွီနိုင်း(၁)ခု၊ အဝတ်mask (၂၃၃၀)ခု … Read more
-
COVID-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝ ဘေးအန္တရာယ်များအားအသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူရုံးမှ တာဝန်ရှိသူများသည် (၂၉-၆-၂၀၂၀)ရက်နေ့တွင် လောင်းလုံးမြို့နယ်အတွင်းရှိ တီဇစ်ကျေးရွာနှင့် ဖိုးလမော်ကျေးရွာတို့တွင် လော်စပီကာ၊ Memory stickနှင့် Hand Speaker တို့ဖြင့် Covid-19 ရောဂါအသက်ရှု လမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် မိုးရာသီကာလသို့ရောက်ရှိလာပြီဖြစ်သည့်အတွက် ရေဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေး စသည့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အချက်များအား ပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်နှိုးဆော်ခြင်းများ ဆောင်ရွက် ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
COVID-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝ ဘေးအန္တရာယ်များအားအသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဝမ်းတွင်းမြို့နယ်ဦးစီးမှူရုံးမှ တာဝန်ရှိသူများသည် (၂၆-၆-၂၀၂၀) ရက်နေ့မှ (၂၈-၆-၂၀၂၀) ရက်နေ့အထိ မြို့နယ်အတွင်းရှိကျေးရွာများ၌ ပြည်သူများအား Covid-19 ကူးစက်ရောဂါအသိပညာပေးခြင်း၊ ပိုစတာများဖြန့်ဝေခြင်းနှင့် မိုးကြိုးဘေး အသိပညာပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဝမ်းတွင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mdy_jun2020
-
COVID-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝ ဘေးအန္တရာယ်များအားအသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၂၀)ရက်နေ့၊ (၀၉:၀၀)နာရီမှ (၁၈:၃၀)နာရီအထိ အလင်းရောင်ပရဟိတအသင်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စု(၇)အုပ်စု၊ ကျေးရွာပေါင်း(၂၈)ရွာတို့အား Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များ (မိုးကြိုးဘေး၊ လေပြင်းဘေး၊ ရေဘေး)ကို ကြိုတင်ပြင်ဆင်ရေးနှင့်ပတ်သက်၍ ပြည်သူလူထုထံသို့ Hand Speaker စက်ဖြင့် လှည့်လည်၍ အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mdy_jun2020
-
COVID-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝ ဘေးအန္တရာယ်များအားအသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၆-၂၀၂၀) ရက်နေ့တွင် ရှမ်းတဲမေတ္တာပရဟိတအဖွဲ့နှင့် ပူးပေါင်း၍ သာစည်မြို့နယ်၊ ကြည်တိုင်ကုန်း အုပ်စု၊ ရွာပုလဲကြီးကျေးရွာ၊ ရွာပုလဲလေးကျေးရွာ၊ ကျီတိုင်ကုန်းတောင်ဖက်ရွာ၊ ကျီတိုင်ကုန်း မြောက်ဖက်ရွာ၊ ကပ်ကြေးအင်းအုပ်စု၊ ကပ်ကြေးအင်းရွာ၊ ကန်စွယ်ရွာ၊ ကွမ်းခြံရိုးအုပ်စု၊ ကွမ်းခြံရိုးတောင်/မြောက်၊ ညောင်တိုအုပ်စု၊ ညောင်တိုတောင်/မြောက်၊ ညောင်တို တောင်ပိုင်းရွာ၊ ဆည်ကြီးအုပ်စု၊ ဆည်ကြီးတောင်/မြောက်၊ ကြက်မောက်အုပ်စု၊ ကြက် မောက်ရွာ၊ သာစည်လေးရွာကျောင်းရွာ၊ ဇီးတောရွာ၊ ချမ်းသာကြီးရွာများသို့ Covid-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်းနှင့် သဘာဘေးအန္တရာယ်အသိပညာပေးခြင်းတို့အား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း … Read more
-
Covid-19 ကူးစက်ရောဂါနှင့် မိုးကြိုးဘေး အသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၂၀) ရက်နေ့ နံနက် (၉:၃၀) အချိန်မှ ညနေ(၁၅:၃၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေးအသိပညာပေးဆောင်ရွက်မှုကို ဒေးဒရဲမြို့နယ်၊ ကျုံဘုတ်ကျေးရွာအုပ်စု၊ ကျုံဘုတ်ကျေးရွာ၊ ချောင်းပိုင်းကျေးရွာ၊အုန်းခြံကျေးရွာ၊ စက်ကုန်းကျေးရွာ၊ ကျောင်းကုန်းကျေးရွာ၊ ကျုံဘုတ်ကြီးကျေးရွာရှိ ပြည်သူများသို့ ပန်ကြားခြင်းနှင့် အသိပညာပေးဗီနိုင်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_jun2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈.၆.၂၀၂၀)ရက်နေ့၌ သရက်ချောင်းမြို့နယ်အတွင်းရှိ ဆင်ကူးကျေးရွာနှင့် ဘုတ်ကိုင်းကျေးရွာတို့တွင် လော်စပီကာ၊ Memory stickနှင့်Hand Speaker တို့ဖြင့် Covid-19 လတ်တရောဂါအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပက်သက်၍ လိုက်နာေဆာင်ရွက်ရမည့်အချက်များနှင့် မိုးရာသီကာလသို့ရောက်ရှိလာပြီဖြစ်သည့်အတွက် ရေဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေးစသည့် သဘာဝဘေးအန္တရာယ်နှင့်ပက်သက်သည့် ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_jun2020 Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
