
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၂၀) ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ စေတီတောင်ရပ်ကွက်၊ ပရဟိတဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိလာသည့် တိုက်ပွဲရှောင်အိမ်ထောင်စု (၁၉)စု၊ လူဦးရေ (၇၈) ဦးတို့အတွက် ဆန်ရိက္ခာ(၂) ပတ်စာဖိုးထောက်ပံ့ငွေ (၃၂၇,၆၀၀/-) ကျပ်အား (၂၉-၆-၂၀၂၀) ရက်နေ့၊ (၁၄း၃၀)နာရီ အချိန်တွင် တိုက်ပွဲရှောင်ပြည်သူများထံသို့ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_otr
#rke_jun2020