COVID-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝ ဘေးအန္တရာယ်များအားအသိပညာပေးဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၆-၂၀၂၀) ရက်နေ့တွင် ကျောက်ပန်းတောင်း မြို့နယ်နှင့် ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅)စုမှ ရွာပေါင်း (၂၀)ရွာသို့ သွားရောက်၍ Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် သတိပြုလိုက်နာရမည့် အချက်များ၊ မိုးကြိုးဘေးနှင့် လေပြင်းဘေးအန္တရာယ် များအကြောင်း ဆောင်ရန်/ရှောင်ရန်များကို ပြည်သူအများ သိရှိလိုက်နာနိုင်ရေး အသိပေးနှိုးဆော်ခဲ့ပြီး ခရိုင်ဦးစီးမှူးဦးဆောင်သည့်အဖွဲ့က ညောင်ဦးမြို့၊ မဏိစည်သူစျေးနှင့် မြို့ပေါ်ရပ် ကွက်များတွင် Covid-19 အကြောင်း သိကောင်းစရာများ၊ မီးဘေး၊ ရေဘေး၊ ငလျင်ဘေး နှင့် မိုးကြိုးဘေးအန္တရာယ်များအကြောင်း လက်ကမ်းစာစောင်များကို လိုက်လံဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#mdy_jun2020

 

Sign Up

Upcoming Events