Author Archives: Department of Disaster Management
-
လေပြင်းဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၆-၂၀၂၀) ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ ငစိမ့်ပြင်ကျေးရွာအုပ်စု၊ လိပ်ပြင်ဒွိန်ကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သွပ်မိုးထရံကာနေအိမ်(၁)လုံးနှင့် ဓနိမိုးထရံကာနေအိမ်(၅)လုံး စုစုပေါင်း တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၂၀,၀၀ဝိ/-) ကျပ်နှင့် အိမ်ထောင်စု(၆)စုမှ လူဦးရေ (၂၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၅၀,၄၀ဝိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၇၀,၄၀ဝိ/) ကျပ်အား လိပ်ပြင်ဒွိန်ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ (၃၀-၆-၂၀၂၀) ရက်နေ့၊ (၁၁:၄၅)နာရီအချိန်တွင် လွှဲပြောင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more
-
COVID-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝ ဘေးအန္တရာယ်များအားအသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၆-၂၀၂၀) ရက်နေ့၌ မင်းကင်းမြို့နယ်၊ ကျွဲကျကျေးရွာ၊ ပေါက်အိုင်ကျေးရွားနှင့် မြေငံကျေးရွာ တို့တွင် မိုးကြိုးဘေး၊ ရေဘေးနှင့် Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာ ပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_jun2020
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မြန်မာနိုင်ငံဆိုင်ရာနော်ဝေနိုင်ငံ သံအမတ်ကြီးအားလက်ခံတွေ့ဆုံမှုသတင်း
ဇွန်လ ၂၉ ၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့ နေ့လယ်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး H. E. Ms. Tone Tinnes အား ဝန်ကြီးရုံး၊ မေခလာခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပါ သည်။ ထိုသို့တွေ့ဆုံရာတွင် နော်ဝေသံအမတ်ကြီးသည် မကြာမီ တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည်ဖြစ်ရာ ဝန်ကြီးဌာနနှင့် နော်ဝေနိုင်ငံအစိုးရနှင့် မိတ်ဘက်အဖွဲ့များ ပူးပေါင်း ဆောင်ရွက်မှုများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ ဝန်ကြီးဌာန မှဆောင်ရွက်လျက်ရှိသော လူမှုဝန်ထမ်းလုပ်ငန်းများ၊ … Read more
-
မိုးကြိုးဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၂၀) ရက်နေ့ (၁၆:၃၀) အချိန်ခန့်၌ မိုးညှင်းမြို့နယ် တောင်အင်းကျေးရွာတွင် မိုးရွာသွန်း၍ မိုးကြိုးထိမှန်မှု ကြောင့် ဒဏ်ရာရရှိသူ (၂) ဦးအတွက် (၁) ဦးလျှင် ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်အား (၂၉-၆-၂၀၂၀) ရက်နေ့ (၁၅:၃၀) နာရီအချိန် တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #kcn_jun2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ IDP စခန်းများတွင် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိမှုသတင်း
ဇွန်လ ၂၉ နေ့၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID – 19 ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ ယနေ့တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ နောင်ဟီး IDP စခန်းနှင့် မံစီမြို့နယ်ရှိ မံပိန်းကြီးကက်သလစ်နှင့် မံပိန်းကြီးနှစ်ခြင်း စုစုပေါင်း IDP စခန်း(၃)ခုသို့ သွားရောက်၍ လက်ဆေးစင်(၁၀)ခု၊ ဗီနိုင်း(၂)ချပ်၊ … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၂၀)ရက်နေ့၌ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ အရှေ့ချောင်းဖြူကျေးရွာအုပ်စု၊ အရှေ့ချောင်းဖြူကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု (၁)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၈,၄၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၈,၄၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ အိမ်ထောင်စု(၁)စုစာအား (၂၉-၆-၂၀၂၀)ရက်နေ့၊ (၁၄:၀၀)အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: စလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_ fir #mgy_jun2020
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၆-၂၀၂၀) ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော် မြို့နယ်၊ အမှတ်(၈/၉/၁၀/၁၁/၁၂) ရပ်ကွက်တို့တွင် Covid_19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အများ ပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာများအား အရာထမ်း၊အမှုထမ်းများမှ ရပ်ကွက်များအတွင်း အသိပေးကြော်ငြာခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #ygn_jun2020
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၆-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ (မြောက်ပိုင်း၊ကွက်သစ်ပိုင်း)၊ ဦးဝင်းကြည် (တဲတိုက်)နှင့် ဒေါ်အေး(တဲတိုက်)ရှိ အိမ်ခြေ (၁၀၉) လုံး၊အိမ်ထောင်စု(၁၁၆) စု၊ လူဦးရေ (၅၄၇) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_drg #mgy_jun2020
-
လေးဘေးသင့်ပြည်သူအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၆-၂၀၂၀) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ ပေစိကျွန်းကျေးရွာအုပ်စု၊ လင်းဝန်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၅)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၀၅၀ဝ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀ဝ/-)ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၆၀၅၀ဝ/-)ကျပ်အား (၂၉-၆-၂၀၂၀) ရက်နေ့ (၀၉:၄၀)နာရီအချိန်တွင် လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #ayy_jun2020
-
Covid-19 ကူးစက်ရောဂါ၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေးနှင့် ပတ်သက်၍ အသိပညာပေးခြင်းလုပ် ငန်းများနှင့် လက်ကမ်းစာဆောင်များဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနနှင့်အတူ ပူးပေါင်း၍ (၂၉-၆-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ (၁၁:၀၀) နာရီအချိန်ထိ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျုံလမုကြီးကျေးရွာအုပ်စုအတွင်းရှိ ကျုံလမုကျေးရွာ၊ ဘူတင်းချောင်းကျေးရွာနှင့် ခြောက်အိမ်တန်းကျေးရွာတို့အတွင်း ပြည်သူများအား Covid-19 ကူး စက်ရောဂါ အသိပညာပေးခြင်း၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဝေငှခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jun2020 Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
