လေပြင်းဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၆-၂၀၂၀) ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ ငစိမ့်ပြင်ကျေးရွာအုပ်စု၊ လိပ်ပြင်ဒွိန်ကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သွပ်မိုးထရံကာနေအိမ်(၁)လုံးနှင့် ဓနိမိုးထရံကာနေအိမ်(၅)လုံး စုစုပေါင်း တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၂၀,၀၀ဝိ/-) ကျပ်နှင့် အိမ်ထောင်စု(၆)စုမှ လူဦးရေ (၂၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၅၀,၄၀ဝိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၇၀,၄၀ဝိ/) ကျပ်အား လိပ်ပြင်ဒွိန်ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ (၃၀-၆-၂၀၂၀) ရက်နေ့၊ (၁၁:၄၅)နာရီအချိန်တွင် လွှဲပြောင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#rke_jun2020

Sign Up

Upcoming Events