လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မြန်မာနိုင်ငံဆိုင်ရာနော်ဝေနိုင်ငံ သံအမတ်ကြီးအားလက်ခံတွေ့ဆုံမှုသတင်း

ဇွန်လ ၂၉ ၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့ နေ့လယ်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး H. E. Ms. Tone Tinnes အား ဝန်ကြီးရုံး၊ မေခလာခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပါ သည်။
ထိုသို့တွေ့ဆုံရာတွင် နော်ဝေသံအမတ်ကြီးသည် မကြာမီ တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည်ဖြစ်ရာ ဝန်ကြီးဌာနနှင့် နော်ဝေနိုင်ငံအစိုးရနှင့် မိတ်ဘက်အဖွဲ့များ ပူးပေါင်း ဆောင်ရွက်မှုများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ ဝန်ကြီးဌာန မှဆောင်ရွက်လျက်ရှိသော လူမှုဝန်ထမ်းလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များနှင့် ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ နောက်ဆုံး အခြေအနေများ၊ ကလေးသူငယ်၊ အမျိုးသမီးစသည့် ဦးတည်အုပ်စုများအလိုက် လူ့အခွင့်အရေး တိုးမြှင့်ကာကွယ်မှုများကို ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ လူသားချင်းစာနာမှု အကူအညီများ လိုအပ်နေသူများကို ပြည်တွင်းနေရပ်စွန့်ခွာ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာနှင့် အညီပိတ်သိမ်းဆောင်ရွက်နိုင်ရေး ကြိုးပမ်း နေမှုများ၊ Covid-19 ကာလအတွင်း ဝန်ကြီးဌာန၏ဆောင်ရွက်ချက်များနှင့် နိုင်ငံတော်အဆင့် စေတနာ့ဝန်ထမ်းလုပ်အားပေးကွန်ယက်မှ တဆင့်စေတနာ့ဝန်ထမ်းများကို လေ့ကျင့်ကူညီ ဆောင်ရွက်ပေးနေမှုများနှင့် ပတ်သက်၍ အမြင်ခြင်းဖလှယ်ဆွေးနွေးခဲ့ကြပြီးနောက် ရခိုင်ပြည်နယ် ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးများလုံခြုံရေးနှင့် ငြိမ်းချမ်းရေးကိစ္စရပ်များ၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲသက်ရောက်မှုကြောင့် မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးဆိုင်ရာ လိုအပ်မှုများနှင့် Universal Periodic Review အစီရင်ခံစာတင်သွင်းရေးဆိုင်ရာကိစ္စရပ်များတွင် နော်ဝေနိုင်ငံ အစိုးရနှင့် မိတ်ဘက်အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Source: MSWRR

#hl1
#npw_jun2020

Sign Up

Upcoming Events