ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ IDP စခန်းများတွင် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိမှုသတင်း

ဇွန်လ ၂၉ နေ့၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID – 19 ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။
ယနေ့တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ နောင်ဟီး IDP စခန်းနှင့် မံစီမြို့နယ်ရှိ မံပိန်းကြီးကက်သလစ်နှင့် မံပိန်းကြီးနှစ်ခြင်း စုစုပေါင်း IDP စခန်း(၃)ခုသို့ သွားရောက်၍ လက်ဆေးစင်(၁၀)ခု၊ ဗီနိုင်း(၂)ချပ်၊ အပူချိန်တိုင်းကိရိယာ(၄)ခု၊ Surgical Mask(၁၆၆၈)ခု၊ COVID-19 အသိပညာပေးအသံဖိုင်ထည့်သွင်းထားသော Memory Stick (၂)ခု၊ Hand Speaker (၂)ခု၊ အဝတ် Mask (၈၇၂၄)ခု၊ လက်သန့်ဆေးရည်(၁၆၆၈)ဗူး၊ ထုံး(၂၀)အိတ်၊ ဆပ်ပြာ(၆၄၁၄)ခဲတို့ကို သွားရောက်ထောက်ပံ့ခဲ့ပါသည်။
(၂၈-၆-၂၀၂၀)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ဒါးပိုင်၊ အုန်းတောကြီး (မြောက်)နှင့် အုန်းတောကြီး(တောင်) စုစုပေါင်း IDP စခန်း(၃)ခုသို့ သွားရောက်၍ ဆပ်ပြာ (၃၅၀၂၈)တောင့်အား သွားရောက်ထောက်ပံ့ခဲ့ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်း များအပြင် အသိပညာပေးလုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများနှင့် စိတ်ဓါတ် ရေးရာမြှင့်တင်ပေးမှုဆိုင်ရာ လုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

Source: MSWRR

#ha_otr
#kcn_jun2020
#rke_jun2020

Sign Up

Upcoming Events