Author Archives: Department of Disaster Management

  • ကရင်ပြည်နယ်၊ ဘားအံမြို့၌ ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေးနေ့(IDDRR)အခမ်းအနားကျင်းပပြုလုပ်

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၊ တာဝန်ရှိသူများက ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၁၃)ရက်နေ့တွင် ကျရောက်သည့်အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့(IDDRR)အခမ်းအနားအား “ကြိုတင်သတိပေးထုတ်ပြန်ချက် ဆောလျင်ဆောင်ရွက်အားလုံးအတွက်”  ဆောင်ပုဒ်ဖြင့် ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/မများ၊ ကျောင်းသား/သူများနှင့် Volunteer များအပါအဝင် စုစုပေါင်း အင်အား(၂၅၀)ဦးခန့် တက်ရောက်ကြပါသည်။ ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အခမ်းအနား၌ ယင်းနေ့အထိမ်းအမှတ်  စာစီစာကုံးပြိုင်ပွဲနှင့် နံရံကပ်ပန်းချီ ပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား/သူ(၆)ဦးတို့အား ဆုချီးမြှင့်ခြင်း၊ Video … Read more

  • ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၌ ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေးနေ့(IDDRR)အခမ်းအနားကျင်းပပြုလုပ်

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၁၃)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့(IDDRR)အခမ်းအနားအား “ကြိုတင်သတိပေးထုတ်ပြန်ချက်၊ ဆောလျင်ဆောင်ရွက်အားလုံးအတွက်” ဆောင်ပုဒ်ဖြင့် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ ဥပဒေချုပ်၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအပါအဝင် စုစုပေါင်း အင်အား(၂၀၀)ဦးခန့် အခမ်းအနားသို့ တက်ရောက်ကြပါသည်။ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အခမ်းအနားတွင် ၎င်းနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲ ဆုရရှိသော ကျောင်းသား/သူ … Read more

  • တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ သဲဝါကျေးရွာနှင့်ဘန်ဘွေးကျေးရွာတို့၌ တောဆင်ရိုင်းဝင်ရောက်မှုကြောင့် ထိခိုက်ပျက်စီးသွားသည့်နေအိမ်နှင့် ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၉-၂၀၂၂)ရက်နေ့တွင် တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ သဲဝါကျေးရွာ၌ တောဆင်ရိုင်းဝင်ရောက်မှု‌ကြောင့် သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀,၀၀ဝိ/-)ကျပ်နှင့် ဒဏ်ရာရရှိသူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၅၀,၀၀ဝိ/-)ကျပ်အားလည်းကောင်း၊ (၂၈-၉-၂၀၂၂)ရက်နေ့တွင် တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ ဘန်ဘွေးကျေးရွာ၌ တောဆင်ရိုင်းဝင်ရောက်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့်နေအိမ်(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပလပ်စတစ်ပုံး(၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀ဝိ/-)ကျပ်နှင့် လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၆,၃၀ဝိ/-)ကျပ်အားလည်းကောင်း အသီးသီးထောက်ပံ့ပေးရာတွင် ထောက်ပံ့ငွေစုစုပေါင်းမှာ (၄၅၆,၃၀ဝိ/-)ကျပ်ဖြစ်ပြီး (၂၉-၉-၂၀၂၂)ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_ otr #ygn_Sep, 2022 Source: … Read more

  • မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၌ သစ်ပင်ပြိုလဲမှုကြောင့် ပျက်စီးနေအိမ်(၁)လုံးအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၀-၉-၂၀၂၂)ရက်နေ့ (၀၉:၀၀)အချိန်၌ မင်းလှမြို့နယ်၊ စစ်ကွင်း​မြို့၊​ မြို့မရပ်ကွက်၊ ပြည်တော်သာလမ်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကုက္ကိုပင်အမြစ်ပွလဲရာမှ ဖြစ်ပွားသောထူးခြားဘေးတွင် လူနေအိမ်(၁)လုံး သစ်ပင်ပိ၍ပြိုလဲပျက်စီးခဲ့ရာ ပြိုလဲပျက်စီးလူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀ဝ)ကျပ်၊ လူဦးရေ(၃)ဦးအတွက် ဆန်ဖိုးထောက်ပံ့ငွေ(၆,၃၀ဝ)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၆,၃၀ဝ)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ လေးထောင့်ပလပ်စတစ်ပုံး(၁)ပုံးတို့အား (၂၁-၉-၂၀၂၂) ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မီးသတ်ဦးစီးဌာန၊ ပြန်ဆက်ဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မင်းလှမြို့နယ်ဦးစီးမှူးရုံး (ဘစမ) … Read more

  • မုန်တိုင်းသဏ္ဍာန်တူဇတ်တိုက်လေ့ကျင့်ခန်း ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်ဦးစီးမှူးရုံးနှင့်ပူးပေါင်း၍ (၁၇-၉-၂၀၂၂) ရက်နေ့၊  (၀၉:၀၀) နာရီချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ရှောက်ချောင်းကျေးရွာအုပ်စု၊  ငွေဇင်ယော်(စံပြ)ကျေးရွာ၌ မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #simex #ayy_sep2022

  • Covid-19 စီးပွားရေးကုစားမှုစီမံချက်(CERP)အရ ဖိုင်ဘာရေတိုင်ကီများ ထောက်ပံ့

    ​​          ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများ သည် Covid-19 စီးပွားရေးကုစားမှုစီမံချက်(CERP)ဖြင့် ဝယ်ယူထားသည့် ဖိုင်ဘာရေတိုင်ကီ (၅)လုံး(ရေတိုင်ကီတစ်လုံးလျှင် ရေဂါလံ(၂၄၀၀)ဆံ့)အား (၇-၉-၂၀၂၂)ရက်နေ့တွင် ကျုံ​ပျော် ခရိုင်၊ ​ကျောင်းကုန်းမြို့နယ်၊ သဲကုန်​ကျေးရွာအုပ်စု၊ အ.မ.က(သဲကုန်)နှင့် ဆိပ်သာ​ကျေးရွာ အုပ်စု၊ အ.မ.က(ဆိပ်သာ)တို့၌လည်းကောင်း၊  (၈-၉-၂၀၂၂)ရက်နေ့တွင် ပုသိမ်ခရိုင်၊ သာ​ပေါင်း မြို့နယ်၊ ကြက်သွန်ကွင်း​ကျေးရွာအုပ်စု၊ YGW မိဘမဲ့ပရဟိတ​ကျောင်း၊ ပုသိမ်မြို့နယ်၊ ​ငွေ​ဆောင်မြို့၊ သဇင်​ကျေးရွာအုပ်စု၊ ​ရေသိုး​ကျေးရွာနှင့် ဖုန်းဆိုးကြီး​ကျေးရွာတို့၌လည်း​ကောင်း ကုမ္ပဏီမှ တာ၀န်ရှိသူများနှင့်အတူ ကွင်းဆင်း၍ အသီးသီးတပ်ဆင်​​ဆောင်ရွက်ပေးခဲ့​ကြောင်း သတင်း ရရှိပါသည်။ #ha_ otr … Read more

  • အသုတ်မြို့၊ ဆိပ်သာကျေးရွာ၌ မိုးကြိုးပစ်မှုကြောင့် သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့

    (၄-၉-၂၀၂၂)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ အသုတ်မြို့၊ ထန်းကျွန်းဆိပ်သာကျေးရွာအုပ်စု၊  ဆိပ်သာကျေးရွာ၊ ငါးရှဉ့်ချောင်းအနီး၌ မိုးကြိုးပစ်မှုကြောင့် သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ရန်ပုံငွေ(၃၀၀,၀၀ဝိ/-)ကျပ်အား (၈-၉-၂၀၂၂)ရက်နေ့ (၁၄:၀၀)နာရီအချိန်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံး တာဝန်ရှိသူများက ကျန်ရစ်သူမိသားစုဝင်များထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_ otr #ayy_sep, 2022 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • ပန်းတနော်မြို့နယ်အတွင်း ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသည့်နေအိမ်များမှ ပြည်သူများသို့ ထောက်ပံ့

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ တောကျောင်းကျေးရွာအုပ်စု၊ နံကပ်ရိုး၊ နံကပ်နှင့်ကျောင်းတော်ကလေးကျေးရွာများ၌ (၆-၉-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသည့် နေအိမ်(၁၂)လုံး၊ အိမ်ထောင်စု (၁၂)စုမှ လူဦးရေ(၄၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၉၄,၅၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁,၂၀၀,၀၀ဝိ/-)၊ ထောက်ပံ့ငွေစုစုပေါင်း(၁,၂၉၄,၅၀ဝိ/-)နှင့် ကာဘော်လိပ်ဆပ်ပြာ(၁၂)တောင့်အား (၇-၉-၂၀၂၂)ရက်နေ့ (၁၄:၄၅)အချိန်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_sep, 2022 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • မြင်းခြံမြို့နယ်၊ ဆားခါးကျေးရွာ၌ ဖြစ်ပွားသည့်မီးဘေးအတွက် ဘေးသင့်ပြည်သူများသို့ ထောက်ပံ့

    မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဆားခါးကျေးရွာအုပ်စု၊ ဆားခါးကျေးရွာ၌ (၄-၉-၂၀၂၂)ရက်နေ့၊ (၂၃:၅၀)အချိန်တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘေးသင့်အိမ်ထောင်စု(၁)စုမှ လူဦးရေ(၅)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၀၀,၀၀ဝိ/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၁၀,၅ဝဝိ/-)ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း(၁၁၀,၅ဝဝိ/-) ကျပ်နှင့် တန်ဖိုးငွေ(၄၆,၀၃၆/-)ကျပ်ရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ပလပ်စတစ်ပုံး(၁)ပုံး တို့အား (၈-၉-၂၀၂၂)ရက်နေ့၊ (၁၁:၃၀)အချိန်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများက ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #mdy_sep, 2022 Source: မြင်းခြံခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • မြောင်းမြမြို့နယ်၊ မြကန်သာရပ်ကွက်၌ အုတ်တံတိုင်းပြိုကျမှုကြောင့် နေအိမ်(၁)လုံး ပျက်စီးမှုအတွက် ထောက်ပံ့

    မြောင်းမြမြို့နယ်၊ မြကန်သာရပ်ကွက်၊ အဝေးပြေးလမ်းမကြီး၌ (၅.၉.၂၀၂၂)ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အုတ်တံတိုင်းပြိုကျ၍ နေအိမ်(၁)လုံး ပျက်စီးခဲ့ရာ အိမ်ထောင်စု(၁)စုမှ လူ(၃)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၆,၃၀၀/-)ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း(၁၀၆,၃၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပလပ်စတစ်(၁)ပုံးတို့အား (၆.၉.၂၀၂၂)ရက်နေ့ (၁၄:၀၀)အချိန်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများက ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_ otr #ayy_sep, 2022 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events