ပန်းတနော်မြို့နယ်အတွင်း ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသည့်နေအိမ်များမှ ပြည်သူများသို့ ထောက်ပံ့

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ တောကျောင်းကျေးရွာအုပ်စု၊ နံကပ်ရိုး၊ နံကပ်နှင့်ကျောင်းတော်ကလေးကျေးရွာများ၌ (၆-၉-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသည့် နေအိမ်(၁၂)လုံး၊ အိမ်ထောင်စု (၁၂)စုမှ လူဦးရေ(၄၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၉၄,၅၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁,၂၀၀,၀၀ဝိ/-)၊ ထောက်ပံ့ငွေစုစုပေါင်း(၁,၂၉၄,၅၀ဝိ/-)နှင့် ကာဘော်လိပ်ဆပ်ပြာ(၁၂)တောင့်အား (၇-၉-၂၀၂၂)ရက်နေ့ (၁၄:၄၅)အချိန်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_rbe

#ayy_sep, 2022

Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events