တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ သဲဝါကျေးရွာနှင့်ဘန်ဘွေးကျေးရွာတို့၌ တောဆင်ရိုင်းဝင်ရောက်မှုကြောင့် ထိခိုက်ပျက်စီးသွားသည့်နေအိမ်နှင့် ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၉-၂၀၂၂)ရက်နေ့တွင် တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ သဲဝါကျေးရွာ၌ တောဆင်ရိုင်းဝင်ရောက်မှု‌ကြောင့် သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀,၀၀ဝိ/-)ကျပ်နှင့် ဒဏ်ရာရရှိသူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၅၀,၀၀ဝိ/-)ကျပ်အားလည်းကောင်း၊ (၂၈-၉-၂၀၂၂)ရက်နေ့တွင် တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ ဘန်ဘွေးကျေးရွာ၌ တောဆင်ရိုင်းဝင်ရောက်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့်နေအိမ်(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပလပ်စတစ်ပုံး(၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀ဝိ/-)ကျပ်နှင့် လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၆,၃၀ဝိ/-)ကျပ်အားလည်းကောင်း အသီးသီးထောက်ပံ့ပေးရာတွင် ထောက်ပံ့ငွေစုစုပေါင်းမှာ (၄၅၆,၃၀ဝိ/-)ကျပ်ဖြစ်ပြီး (၂၉-၉-၂၀၂၂)ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_ otr

#ygn_Sep, 2022

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events