Author Archives: Department of Disaster Management

  • မီးဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ (၁၆-၅-၂၀၂၁) နေ့၌ ကသာမြို့နယ်၊ လျှပ်စစ်ကုန်းရပ်ကွက်တွင် ခြင်နိုင်ဆေးခွေထွန်းထားရာမှတဆင့် မီးစတင်လောင်ကျွမ်းခဲ့သော မီးဘေးသင့်အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀ဝ) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂,၁၀ဝ) ကျပ်၊ မီးဘေးသင့်သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀ဝ) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၀၂,၁၀ဝ) ကျပ်နှင့် Family kits (၁)ပုံး၊ အဝတ် Mask (၂)ခုတို့အား ဘေးသင့်ပြည်သူထံသို့ (၁၉-၅-၂၀၂၀) နေ့ (၁၄:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာရပ်ကွက်လူကြီးများဖြင့် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း … Read more

  • COVID-19 ကြောင့် ခေတ္တရပ်ဆိုင်းခဲ့ရသည့် လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေး နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းအစည်းအဝေး

    မေလ ၁၇ ရက် ၊ နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနတွင် COVID-19 ကြောင့် ခေတ္တရပ်ဆိုင်းခဲ့ရသည့် လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းအစည်းအဝေးအား ယနေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်က ဦးဆောင်၍ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ လက်ထောက်အတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် COVID-19 ကြောင့် ခေတ္တ … Read more

  • လေးဘေးသင့်ပြည်သူအတွက်ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်အတွင်း (၆-၅-၂၀၂၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေးဘေးကြောင့် ရပ်ကွက် (၃)ခု၊ အုပ်စု (၁၄) စု၊ ပကွဲ၊ ကျံခမွန်၊ ယင်းမလွတ်၊ မဟာသာ၊ သက္ကယ်ကျွန်း၊ ဒေါင့်ကြီး၊ ထုံးတပို၊ ပတ်တန်း၊ နန်းတော်ကျွန်း၊ တောင်ပို့တစ်ရာ၊ ကျုံတနော်တောင်၊ အိုးဘို၊ သဲကုန်း၊ ဖားလက်ခို၊ ကျေးရွာခွဲ (၃၁) ရွာတို့တွင် ပြိုကျပျက်စီးအိမ်ခြေ (သစ်-၂၊ ဝါး-၂၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၃၀၀,၀၀၀)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ … Read more

  • လေပြင်းဘေးနှင့် မိုးသီးကြွေမှုကြောင့် အမိုးလန်ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ခြေများ၊ မိုးကြိုးပစ်ခတ်မှုကြောင့်သေဆုံးသူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၂၁) ရက်နေ့၌မိုင်းကိုင်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုနှင့် မိုးသီးများကြွေကျမှုကြောင့် မိုင်းကိုင်မြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာ၊ လုတ်တောင်းကျေးရွာအုပ်စု၊ ဖာလမ်ကျေးရွာတို့၌ နေအိမ်များ အမိုးလန်ပျက်စီးခဲ့ရာ ဘုန်ကြီးကျောင်း(၁)ကျောင်း၊ အမိုးလန်အိမ်ခြေပေါင်း(၈၄)လုံးအား ပျက်စီးဆုံးရှုံးမှုအလိုက် သတ်မှတ်ထောက်ပံ့နှုန်းထားအတိုင်း အိမ်ဆောက်ပစ္စည်းဖိုး စုစုပေါင်းငွေ (၃,၆၅၇,၁၀၀) ကျပ်အားလည်းကောင်း၊ (၁၀-၅-၂၀၂၁) ရက်နေ့တွင်မိုင်းကိုင်မြို့နယ်၊ ဝမ်ဖွီးကျေးရွာအုပ်စု၊ လွိုင်ဝိန်းကျေးရွာ၌ မိုးကြိုးပစ်ခတ်မှုကြောင့် သေဆုံးသူ(၁)ဦးအတွက် (၃၀၀,၀၀၀) ကျပ်အား (၁၃-၅-၂၀၂၁) ရက်၊ နံနက်ပိုင်း (၁၀:၀၀) အချိန်တွင် မိုင်းကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့နှင့်အတူ ဘေးသင့်ပြည်သူထံသို့ … Read more

  • လေးဘေးသင့် ပြည်သူအတွက်ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၂၁) ရက်နေ့(၁၃:၀၀)နာရီ အချိန်ခန့်တွင်မွန်ပြည်နယ် သထုံခရိုင်၊ ပေါင်မြို့နယ် ဖြူဘကျေးရွာအုပ်စု အကွက်(၅)နယ်မြေတွင် လေပြင်းတိုက်ခတ် မှုကြောင့် အမိုးလန်ခဲ့သည့်လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀,၀၀ဝ) ကျပ် နှင့်လူဦးရေ စုစုပေါင်း(၄)ဦးတို့အတွက် (၇) ရက်စာဆန် ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀ဝ) ကျပ်၊ စုစုပေါင်းထောက် ပံ့ငွေ (၉၈,၄၀ဝ)ကျပ်အား (၇-၅-၂၀၂၁) ရက်နေ့ (၁၆:၀၀) နာရီအချိန်ခန့်တွင် ဖြူဘကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ဘေးသင့် ပြည်သူများထံလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more

  • လေဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ အိုင်သပြုကြိုးကြာကွင်းအုပ်စု၊ ကျေးရွာခွဲ(၁၈) ရွာတို့တွင် (၆-၅-၂၀၂၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးအိမ်ခြေ သစ်(၁)၊ ဝါး (၁၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး စုစုပေါင်း (၁၉၀,၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၈) မျိုးပါ (၁၈) အိမ်ထောင်စုစာအား (၈-၅-၂၀၂၁) နေ့ (၁၁:၀၀) နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဧရာတီတိုင်းဒေကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံးမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူထံသို့ လက်ဝယ်အရောက် သွားရောက်ထောက်ပံပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

Sign Up

Upcoming Events