Author Archives: Department of Disaster Management
-
Covid – 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၇-၂၀၂၀) ရက်နေ့ တွင် Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ မြစ်ကြီးနားမြို့နယ်ရှိ၊ ဒူကထောင်နယ်မြေ (၄/၅/ ၁၄)၊ မန်ခိန် နှစ်ခြင်း၊ ရွှေစက်နှစ်ခြင်း၊ ပလနကက်သလစ်လူငယ်ဗဟိုကျောင်း၊ နောင်နန်းတြီနတီ၊ နောင်နန်းဂျော်မဆပ် စခန်းတို့အား ဆပ်ပြာ(၄၉၄၂)ခဲ၊ ထုံး(၈၀)အိတ်၊ နှာခေါင်းစည်း တပ်ဆင် နည်းဗွီနိုင်း (၈) ခုတို့အား တိုက်ပွဲရှောင်ပြည်သူများလက်ဝယ်အရောက် သွားရောက်ပေးအပ် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #kcn_jul2020 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid – 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၇-၂၀၂၀) ရက်နေ့ တွင် Covid-19 နှင့် ပတ်သက်၍ မြစ်ကြီးနားမြို့နယ်ရှိ၊ တပ်ကုန်းနှစ်ခြင်း၊ တပ်ကုန်းအင်ဂျန်ဒုံ၊ တပ်ကုန်းဂါလိလဲ၊ တပ်ကုန်းဧမာနွေလ၊ တပ်ကုန်းစံပြနှစ်ခြင်း၊ တပ်ကုန်းရာဒါကောင်း COC၊ စခန်းတို့အား ဆပ်ပြာ(၁၅၉၀)ခဲ၊ ထုံး(၆၀)အိတ်၊ နှာခေါင်းစည်းတပ်ဆင်နည်းဗွီနိုင်း (၆)ခုတို့အား တိုက်ပွဲရှောင်ပြည်သူများလက်ဝယ်အရောက် သွားရောက်ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သတင်း ရရှိပါသည်။ #otr #kcn_jul2020 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀- ၇-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီ အချိန်တွင် သောက်သုံးရေခက်ခဲလျက်ရှိသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြားကုန်းတဲ တိုက်ရှိ အိမ်ခြေ (၈၈) လုံး၊ အိမ်ထောင်စု (၉၇) စု၊ လူဦးရေ (၄၅၅) ဦးတို့ကို သောက်သုံးရေဂါလံပေါင်း (၆,၀၀၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_drg #mgy_jul2020 Source: … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၇-၂၀၂၀) ရက် နေ့တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ် (၃၂ /၃၃ / ၃၄ /၃၅ /၃၆ /၃၇) ရပ်ကွက်များတွင် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ အများ ပြည်သူများ သိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေးနှင့်စပ်လျဥ်း၍ ဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါအချက်အလက်များ၊ သဘာဝဘေးအသိပညာပေးခြင်းအား အရာထမ်း အမှုထမ်းများမှ ရပ်ကွက်များအတွင်း အသိပေးကြော်ငြာခြင်းများ … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အမရပူရမြို့နယ်၊ ယဉ်တော်ကျေးရွာအုပ်စု၊ မန္တလေး – စစ်ကိုင်းလမ်း လမ်းသားပြတ်တောက်၍ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ရေဘေးသင့် ပြည်သူများအား ထောက်ပံ့
ဇူလိုင်၊ ၂၀ ၊ အမရပူရ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ယဉ်တော်ကျေးရွာအုပ်စု၊ မန္တလေး – စစ်ကိုင်းလမ်း ရှိ ရွှေဂဲရေဆိုးထုတ်စက်ရုံအတွင်းသို့ ယမန်နေ့ညက ဧရာဝတီမြစ်ရေများသည် ကမ်းနားလမ်း၏ အောက်ဖက်မှ ထူးပေါက်ဖြစ်၍ ဝင်ရောက်လာမှုကြောင့် ရေလွှမ်းနိုင်သည့် ရပ်ကွက်(၄)ခုမှ အိမ်ထောင်စုများအား ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ပေးခဲ့ရပါသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက ဘေးသင့်ပြည် သူများအား ဆန်ရိက္ခာဖိုးငွေ ထောက်ပံ့ခြင်း၊ COVID 19 အကာအကွယ်ပစ္စည်းများထောက်ပံ့ခြင်းနှင့် ဖြစ်စဉ်ကြောင့် မန္တလေး – … Read more
-
ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့ နယ်၊ ချိုင်းကျေးရွာအုပ်စု၊ သရက်တောကျေးရွာ၌ (၁၉-၇-၂၀၂၀) ရက်နေ့တွင် မီးလောင်မှုဖြစ်ပွား ခဲ့ရာ မီးဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်(၁)စု အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀)ကျပ် ၊ လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၄၂၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၁၀၄,၂၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး အိမ်ထောင်စု (၁) စုစာ တို့ကို လည်းကောင်း၊ … Read more
-
မြစ်ရေကြီးခြင်းသတိပေးချက်
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၀)ရက်နေ့(၁၄:၀၀)နာရီ အချိန်တွင် မြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်… ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီ မြစ်ရေသည် ရွှေကူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၂)ရက် အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ရွှေကူမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ အနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် မင်းကင်းမြို့နယ်၊ သံ ပေါက်ကျေးရွာတွင် (၁၇-၇-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားသော ကမ်းပြိုမှုကြောင့် ရွှေ့ပြောင်းအိမ် ထောင်စု တစ်စုအတွက် ထောက်ပံ့ငွေ (၁၁၂,၆၀၀) ကျပ်ကို (၂၀-၇-၂၀၂၀) ရက်နေ့တွင် ထောက်ပံ့ ခဲ့ပါကြာင်း သတင်းရရှိပါသည်။ #ha_rbe #sgg_jul2020 Source: မင်းကင်းမြို့နယ်ဦးစီးမှုးရုံး (ဘစမ)
-
(Covid-19) ရောဂါ၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၉-၇-၂၀၂၀) ရက်နေ့၌ သရက်ချောင်းမြို့နယ်အတွင်းရှိ စုံစင်ကျေးရွာ၊ စုံစင်ဖျားကျေးရွာ၊ မြလေးပြင်ကျေးရွာနှင့် သဲချောင်းသားကျေးရွာတို့တွင် လော်စပီကာ၊ Memory stick နှင့်Hand Speaker တို့ဖြင့် (Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့်မိုးရာသီကာလသို့ရောက်ရှိလာပြီဖြစ်သည့်အတွက် ရေဘေး၊ မြေပြိုဘေး နှင့် မိုးကြိုးဘေးစသည့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့်ဆောင်ရန်/ ရှောင်ရန်အချက်များ၊ ပြည်သူသို့ အသိပညာပေးပန်ကြားချက်များကို လှည့်လည်ကြေညာခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်နှင့် ဗီနိုင်း ပိုစတာများဝေငှခဲ့ကြောင်း သိရှိရပါသည်။ #ar … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ စမ်းမကြီးကျေးရွာတွင် (၁၈-၇-၂၀၂၀) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တပိုင်းပျက်စီးခဲ့သော အိမ်ခြေ (၁) လုံး၊ အိမ်ထောင်(၁)စု အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀,၀၀၀)ကျပ် ၊ လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၀,၅၀၀)ကျပ်၊ စုစုပေါင်း(၅၀,၅၀၀)ကျပ်တို့ကို (၁၉-၇-၂၀၂၀) ရက်နေ့ ၊(၁၂:၃၀) နာရီအချိန်တွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #mgy_jul2020 … Read more
