လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ စမ်းမကြီးကျေးရွာတွင် (၁၈-၇-၂၀၂၀) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တပိုင်းပျက်စီးခဲ့သော အိမ်ခြေ (၁) လုံး၊ အိမ်ထောင်(၁)စု အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀,၀၀၀)ကျပ် ၊ လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၀,၅၀၀)ကျပ်၊ စုစုပေါင်း(၅၀,၅၀၀)ကျပ်တို့ကို (၁၉-၇-၂၀၂၀) ရက်နေ့ ၊(၁၂:၃၀) နာရီအချိန်တွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)