Author Archives: Department of Disaster Management
-
ဆပ်ပြာနှင့် ထုံးအိတ်များထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၁၄-၈-၂၀၂၀) ရက်နေ့တွင် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ နှစ်ခြင်းIDPစခန်း အိမ်ထောင်စု(၄၀၄)စု၊ လူဦးရေ (၁၉၀၅) ဦးတို့အတွက် Parisဆပ်ပြာ (၁၉၀၅) ခုနှင့်ထုံးအိတ် (၁၀) အိတ်တို့ကို လည်းကောင်း၊ ကက်သလစ်IDPစခန်း အိမ်ထောင်စု(၈၈)စု၊ လူဦးရေ (၄၁၄) ဦးအတွက် Paris ဆပ်ပြာ (၄၁၄) ခုနှင့် ထုံးအိတ် (၁၀) အိတ်တို့ကို (၁၄-၈-၂၀၂၀)ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ငါးခြောက်ကျွန်း(ရေလယ်ကျွန်း)တွင် (၁-၈-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးသင့်အိမ်ခြေ(၃၅)လုံး၊ အိမ်ထောင်စု(၃၅)စုတို့မှ လူဦးရေ(၁၃၂)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာ စုစုပေါင်းထောက်ပံ့ငွေ(၂၇၇,၂၀၀ိ/-) ကျပ်အား (၁၃-၈-၂၀၂၀)ရက်နေ့၊ (၁၃:၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fld #mgy_aug2020
-
Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၈-၂၀၂၀) ရက်နေ့ ၊ နံနက် (၀၈:၃၀) နာရီအချိန်မှစ၍ နေ့လည် (၁၂:၀၀) နာရီအချိန်အထိ မြောင်းမြခရိုင်၊ ဝါးခယ်မ မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များဖြစ်သော လှေကျင်းရပ်ကွက်၊ မြသိန်းတန်ရပ်ကွက်၊ ရွာလယ်ရပ် ကွက်၊ ဆေးရုံရပ်ကွက်၊ ရေကျော်ရပ်ကွက်၊ ဈေးရပ်ကွက်၊ ပတ္တမြားရပ်ကွက်၊ စာရေးကုန်းရပ် ကွက်၊ မင်းပိုင်းရပ်ကွက်၊ သံကြိုးတိုင်ရပ်ကွက်တို့တွင် လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက် ပြန့်ပွားလျက်ရှိသော Covid-19 ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မ တီမှ (၂၉-၇-၂၀၂၀) ရက်နေ့အထိ … Read more
-
(COVID-19) ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၈-၂၀၂၀) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံ မြို့နယ်၊ ဆင်ကျုံးကျေးရွာနှင့် ရွှေဘော်ကုန်းကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှု များမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်း ဘေး၊ ရေဘေး၊ မြေပြိုဘေး၊ အန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးဟောပြော ခြင်းအား အသံချဲ့စက်များဖြင့်လည်းကောင်း၊ ရေဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး ပြည်သူသို့ အသိပေးနှိုးဆော်ခြင်းအား Handspeakerများဖြင့် လည်းကောင်း၊ အသိပေး နှိုးဆော်ခဲ့ပြီး … Read more
-
Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၈-၂၀၂၀)ရက်နေ့၊ နံနက် (၈:၀၀) နာရီအချိန်မှ နေ့လည် (၁၂:၀၀) နာရီအထိ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီး မြို့နယ်တွင်းရှိ ရပ်ကွက်များဖြစ်သော အမှတ်(၄/၅/၆)တို့၌ Covid-19 ကူးစက်မြန်ရောဂါပြန့် ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့် အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ဆောင်ရန်/ရှောင်ရန်အချက်များ အား အသံချဲ့စက်ဖြင့် ပြည်သူလူထုအတွင်း အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင် များလည်း ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #krn_aug2020 Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနနှင့်အတူပူးပေါင်း၍ (၁၄-၈-၂၀၂၀)ရက်နေ့၊ (၀၇:၃၀) နာရီအချိန်မှစ၍ လပွတ္တာမြို့နယ်၊ သင်္ဃန်းကြီးကျေးရွာအုပ်စု၊ သင်္ဃန်းကြီးကျေးရွာ၊ နလင်ကျော်ကျေးရွာ၊ ဥက္ကံကျေးရွာ၊ ကုန်းကြီး ကျေးရွာ၊ ကံကွင်းကျေးရွာ၊ ဇင်ရွဲလေးကျေးရွာ၊ ဒူးကုတ်ကျေးရွာ၊ ဝါးကုန်းကျေးရွာ၊ ဂုံညှင်းတန်း ကျေးရွာများတို့တွင်(ဒုတိယအကြိမ်) Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ် သက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက် များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ၊ ဗွီနိုင်းနှင့် First Aid Kit ဝေငှခြင်းများကို အများပြည်သူများသိရှိလိုက်နာရန် … Read more
-
ထိတွေ့ဒဏ်ရာရပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ်ကွက်ရှိ လက်နက်ကြီးကျည်စထိမှန်မှုကြောင့် သေဆုံးသူပြည်သူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀)ကျပ်နှင့် ဒဏ်ရာရရှိသူပြည်သူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၅၀၀၀၀)ကျပ်အား (၁၃-၈-၂၀၂၀)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_aug2020 Source: စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲကျေးရွာရှိ တိုက်ပွဲရှောင်အိမ်ထောင်စု(၁၅၀)စု၊ လူဦးရေ(၆၉၄)ဦးတို့အတွက် ဆန်ရိက္ခါ(၁)လစာ ဆန်(၂၁၆)အိတ်၊ (၂၁)ပြည်နှင့် စံပြရပ်ကွက်၊ ဓမ္မမဏ္ဍိုင်ဘုန်းကြီးကျောင်းရှိ တိုက်ပွဲရှောင်အိမ်ထောင်စု(၁၀)စု၊ လူဦးရေ(၅၅)ဦးတို့အတွက် ဆန်ရိက္ခါ(၁)လစာ ဆန်(၁၇)အိတ်၊ (၄)ပြည်၊ (၄)ဘူးအား (၁၃-၈-၂၀၂၀)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_aug2020 Source: စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၈-၂၀၂၀) ရက်နေ့ တွင် ဘိုကလေးမြို့နယ်၊ ပတ္တမြားကုန်းကျေးရွာအုပ်စု၊ ပတ္တမြားကုန်းကျေးရွာတွင် (၀၉:၀၀)နာရီအချိန်၌ လည်းကောင်း၊ ကိုးအိမ်တန်းကျေးရွာတွင် (၀၉:၃၀)နာရီအချိန်၌ လည်းကောင်း၊ ညောင်ကုန်းကျေးရွာတွင်(၁၀:၀၀)နာရီအချိန်၌လည်းကောင်း၊ ဆားမလောက်ကျေးရွာတွင် (၁၀:၃၀)နာရီအချိန်၌ လည်းကောင်း၊ အကယ်ချောင်းကျေးရွာတွင် (၁၁:၀၀)နာရီအချိန်၌လည်းကောင်း၊ သာပြန်ကြီး ကျေးရွာတွင် (၁၁:၃၀)နာရီအချိန်၌လည်းကောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် အသိပညာပေးခြင်း လုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး Covid – 19 ထိန်းချုပ်ရေးနှင့် … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာတွင် (၁၃-၈-၂၀၂၀) ရက်နေ့၊ (၁၀:၃၀) နာရီအချိန်၌ ဧရာဝတီမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခြင်းများဆောင် ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ် (၇) လုံး၊ အိမ်ထောင်စု (၈) စု၊ လူဦးရေ (၃၂) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ ငွေ(၆၇,၂၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၇၆၇,၂၀၀/-) ကျပ်အား(၁၃-၈-၂၀၂၀) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။\ … Read more
