
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ငါးခြောက်ကျွန်း(ရေလယ်ကျွန်း)တွင် (၁-၈-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးသင့်အိမ်ခြေ(၃၅)လုံး၊ အိမ်ထောင်စု(၃၅)စုတို့မှ လူဦးရေ(၁၃၂)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာ စုစုပေါင်းထောက်ပံ့ငွေ(၂၇၇,၂၀၀ိ/-) ကျပ်အား (၁၃-၈-၂၀၂၀)ရက်နေ့၊ (၁၃:၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_fld
#mgy_aug2020