Author Archives: Department of Disaster Management

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်​နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၈-၂၀၂၁) ရက်နေ့တွင်  ​ပြန်ကြားရေးဦးစီးဌာနနှင့်ပူးပေါင်း၍ လားရှိုးမြို့နေပြည်သူများ COVID-19 ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် အများပြည်သူသွားလာအသုံးပြုသောလမ်းများ၊ ရပ်ကွက်များသို့လှည့်လည်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ Stay at Home မြို့များအတွက်ထုတ်ပြန်ထားသော အသိပညာပေးချက်များကို ​​မြန်မာဘာသာဖြင့်လည်းကောင်း၊ ကချင်ဘာသာဖြင့်လည်း​ကောင်း ဖတ်ကြား၍ အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_aug2021 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၃-၈-၂၀၂၁) ရက်နေ့တွင် (၀၉:၀၀)နာရီအချိန်မှ (၁၁:၀၀)နာရီအချိန်ထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းကော်မတီ အဖွဲ့များ၊  ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကသာမြို့နယ်အတွင်းနေထိုင်သည့် ပြည်သူများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလိုက်နာရမည့် စည်းကမ်းချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရန်  အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေခြင်း (Mask Camping)နှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးစာစောင်များ(မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ လျှပ်စီးဘေး)ဖြန့်ဝေခြင်းတို့ကို ဆောက်ရွက်ခဲ့ပါ​ကြောင်းသတင်းရရှိပါသည်။ #ar #sgg_aug2021 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၈-၂၀၂၁) ရက်နေ့တွင် (၀၉:၀၀)နာရီအချိန်မှ (၁၁:၀၀)နာရီအချိန်ထိ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းကော်မတီအဖွဲ့များ၊  ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကသာမြို့နယ် အတွင်းနေထိုင်သည့် ပြည်သူများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လိုက်နာရမည့်စည်းကမ်း ချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေခြင်း (Mask Camping)နှင့် သဘာဝဘေး အန္တရာယ်အသိပညာပေးစာစောင်များ(မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ လျှပ်စီးဘေး) ဖြန့်ဝေခြင်း တို့အား ဆောက်ရွက်ခဲ့ပါ​ကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2021 Source: ကသာခရိုင်ဦးစီးမှူးရုံး … Read more

  • မူး‌ချောင်းရေတိုက်စားမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် ဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် စစ်ကိုင်းတိုင်း‌ဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ပါဟဲကျေးရွာအုပ်စု၊ တွန်နိမ်ကျေးရွာတွင် (၈-၈-၂၀၂၁) ရက်နေ့၌ ဖြစ်ပွားခဲ့သော မူး‌ချောင်းရေတိုက်စားမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ်တစ်လုံးမှ ဘေးသင့်အိမ်ထောင်စု(၁)စု၊ လူဦးရေ(၆)ဦးအတွက် အဝတ်Mask(၁၂)ခု၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀၀/-)ကျပ်နှင့် လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၂,၆၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၁၂,၆၀၀/-)ကျပ်အား (၉-၈-၂၀၂၁) ရက် နေ့ (၁၄း၀၀) နာရီအချိန်တွင် ဖောင်းပြင်မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဌ၊ အဖွဲ့ဝင်များနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #sgg_aug2021 Source: ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံး

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် (၃၀-၇-၂၀၂၁) ရက်နေ့ (၀၈:၀၀)နာရီအချိန်တွင် မြောက်ဦးမြို့နယ် ညောင်ပင်လယ်(ကလပ) ကျေးရွာအုပ်စု၊ ညောင်ပင် လယ်(ကလပ)ကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ဘေးသင့် လုံးဝပျက်စီးလူနေ အိမ်(၇)လုံး (သွပ်၊ ဓနိမိုး၊ ပျဥ်၊ ဝါးခင်း၊ ဝါးကာ)အတွက်  (၁)လုံးလျှင် (၁၀၀,၀၀၀-/)ကျပ်နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၇၀၀,၀၀၀-/)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးလူနေအိမ် (၁၁) လုံး(သွပ်၊ ဓနိမိုး၊ ပျဥ်၊ ဝါးခင်း၊ ဝါးကာ)အတွက်  (၁)လုံးလျှင်(၅၀,၀၀၀-/)ကျပ်နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၅၀,၀၀၀)ကျပ်၊ ဘေးသင့်အိမ်ထောင်စု(၁၈)စုမှ လူဦးရေ (၇၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၅၁,၂၀၀-/)ကျပ်၊ စုစုပေါင်း … Read more

  • လေဘေးသင့်ပြည်သူအတွက်ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၂၁) ရက်နေ့ (၀၃:၅၀) နာရီအချိန်တွင် မြောက်ဦးမြို့နယ်၊ ဘုရားများကျေးရွာအုပ်စု ဘုရားများကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လုံးဝပျက်စီးလူနေအိမ်(၂)လုံး(သွပ်/ဓနိမိုး / ဓနိ / ဝါးကာ / ဝါးခင်း) တို့အတွက်  (၁)လုံးလျှင် (၁၀၀,၀၀၀)ကျပ်နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀)ကျပ်၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၁၆,၈၀၀) ကျပ်၊  တစ်စိတ်တစ်ပိုင်းပျက်စီးဘုန်းတော်ကြီးကျောင်း (၁) ကျောင်းအတွက် … Read more

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၈-၂၀၂၁)ရက်နေ့ (၀၃း၀၀) နာရီအချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ် ကျုံပါကျေးရွာအုပ်စု၊ နောင်ဘိုကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေထောက်ပံ့ငွေ(၆၀,၀၀၀/-)ကျပ်နှင့် ဘေးသင့်လူဦးရေစုစုပေါင်း(၆)ဦးတို့အတွက် (၇)ရက်စာဆန်ရိက္ခာဖိုးငွေထောက်ပံ့ငွေ(၁၂,၆၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၇၂,၆၀၀/-)ကျပ်အား(၉-၈-၂၀၂၁)ရက်နေ့ (၁၂း၃၀)နာရီအချိန်ခန့်တွင် သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #mon_aug2021  

  • ရေဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၂၁) ရက်နေ့မှ (၇-၈-၂၀၂၁) ရက်နေ့အထိ မွန်ပြည်နယ် သထုံခရိုင်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ် ကျေးရွာအုပ်စုတွင် ဒုံသမိမြစ်ရေမြင့်တက်လာမှုကြောင့် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း(၂)ခုသို့ ရွှေ့ပြောင်းခဲ့ရသည့် ထပ်တိုးအိမ်ထောင်စု (၃၃) စုမှ လူဦးရေ(၁၃၇)ဦးတို့အတွက် (၇) ရက်စာဆန် ရိက္ခာဖိုးထောက်ပံ့ငွေ (၂၈၇,၇၀ဝ) ကျပ်အား (၉-၈-၂၀၂၁) ရက်နေ့ (၁၁:၃၀) နာရီအချိန်ခန့်တွင် သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့နှင့်အတူ ဒူးရင်းဆိပ်ကျေးရွာ အ.ထ.က(ခွဲ) ဒူးရင်းဆိပ်၌ ​ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် (၈-၈-၂၀၂၁)ရက်နေ့ (၀၉:၀၀) နာရီအချိန်မှ (၁၁:၀၀)နာရီအချိန်ထိ ခရိုင်ပြန်/ဆက်၊ မြို့နယ်မီးသတ်ဦးစီးဌာနများနှင့် ပူးပေါင်း၍ ခန္တီးမြို့ပေါ်ရပ်ကွက်များဖြစ်သည့် ဇီးဖြူကုန်းရပ်ကွက်၊ မြို့မရပ်ကွက်၊ ပေါမိုင်းရပ်ကွက်နှင့် အောင်သာ၊ သာစည်၊ ဆင်သေကျေးရွာများ၌ COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ် ရေးအတွက် အသိပညာပေးခြင်း၊ ကျန်းမာရေး၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရန်အချက်များအား နှိုးဆော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2021 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • မြစ်ရေကြီးမှုအခြေအနေသတင်း

    (၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၄) ရက်၊(၁၁:၀၀)နာရီ အချိန်ထုတ်ပြန်ချက်) သောင်ရင်းမြစ်စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအ​ခြေအနေ ————————————————– ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၁) ပေခွဲခန့်ကျော်လွန် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည်နောက် (၁)ရက်အတွင်း(၂)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ အကြံပြုချက် ————– သို့ဖြစ်ပါ၍မြဝတီမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

Sign Up

Upcoming Events