Author Archives: Department of Disaster Management

  • COVID_19 စီးပွားရေးကုစားမှုအစီအစဉ်အရ ထောက်ပံ့ငွေပေးအပ်မှုသတင်

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၉-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် COVID-19 စီးပွားရေးကုစားမှုအစီအစဥ် (CERP) အရ စားသောက်ကုန် (၅) မျိုးဝယ်ယူရန် အိမ်ထောင်စု (၁) စုလျှင် (၄၀,၀၀၀/-) ကျပ်နှုန်းဖြင့် မံစီနှစ်ခြင်း Idps စခန်းတွင် အိမ်ထောင်စု (၁၇၃) စု၊ လူဦးရေ (၇၇၀) ဦးတို့အား စုစုပေါင်ထောက်ပံ့ငွေ (၆,၉၂၀,၀၀၀/-) ကျပ်အား (IDPs) စခန်းနေမိသားစုများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more

  • Covid-19 ကူးစက်ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရန် အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၉-၂၀၂၀) ရက်နေ့ (၉:၃၀) အချိန်မှ (၁၂:၃၀) အချိန်ထိ အုမ္မကျေးရွာအုပ်စုအတွင်းရှိ အုမ္မကျေးရွာ၊ ရွာမကျေးရွာ၊ ညောင်လှကျေးရွာ၊ ငုတ်ချောင်းကျေးရွာတို့တွင် COVID-19 ရောဂါ ဒုတိယလှိုင်း ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးအတွက် သိရှိလိုက်နာဆောင်ရွက်ရန်အချက်များကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်အတူပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_sep2020

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၉-၂၀၂၀)ရက်နေ့၊ (၀၉:၀၀)အချိန်မှ (၁၅:၀၀)အချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်း(၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၆)ကျေးရွာတို့တွင် Covid-19ရောဂါ ကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #mon_sep2020 Source:                         ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၉-၂၀၂၀) ရက်နေ့တွင် ဆားလင်းကြီးမြို့နယ်၊ ဘိုက်သရက်၊ မတောင်တ၊ ရွှေသမင်၊ မြင်းခြံဘွား၊ မကျီး တစ်ထောင်၊ သာယာကိုင်း၊မကျီးတန်း၊ ကျောက်ဖြူတိုင်၊ ဇီးတော၊ ဆည်တည်းကျေးရွာများ တွင် COVID-19 ကူးစက်ရောဂါနှင့် ပတ်သတ်၍ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_sep2020

  • ကြိုတင်ပြောင်းရွှေ့အိမ်ထောင်စုများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ပဲခူးတိုင်း‌ဒေသကြီး၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်မြစ်မခမြစ်ရေတိုက်စားပြီး ကမ်းပြိုမှုကြောင့် သာယာဝတီမြို့နယ်၊ စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာတွင် (၁/-၂-၂၀၂၀)ရက်နေ့များတွင် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့အိမ်(၁၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀)သိန်းကျပ်၊ လူဦးရေ(၁၀)ဦးအတွက်ဆန်ဖိုး(၈၄၀၀၀/-)ကျပ်၊ စုစုပေါင်း(၁၀၈၄၀၀၀/-)ကျပ်နှင့် ပစ္စည်း(၁၁)မျိုးပါ (၁၀)အိမ်ထောင်စာတို့အား (၃-၉-၂၀၂၀)ရက်နေ့ (၁၁း၀၀) နာရီအချိန်တွင် သာယာဝတီမြို့နယ်ထွေအုပ်အစည်းအဝေးခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးထိန်လင်းထွန်း၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးအာလွန်း၊  မြို့နယ်‌ထွေအုပ်မှတာဝန်ရှိသူများ၊ ‌ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_rbe #bgo_sep2020 Source:                       သာယာဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါ အသိပညာပေးဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၉-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊​ ပြန်လည်ထူ​ထောင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လားရှိုးမြို့ ၊ မြို့မကျေးရွာအုပ်စု၊ မယ်ဟန်ကျေးရွာနှင့် ​ကောင်းကြဲ(အီ)ကျေးရွာတို့၌ Covid-19 ကူးစက်မှုမဖြစ်ပွားစေရန်ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာ​ပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများကို အသံချဲ့စက်များဖြင့် လှည့်လည်​ဟောပြောခဲ့ပြီး Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်း၊ Hand Gelများဖြင့် လက်သန့်စင်ပေးခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #shn_sep2020 Source:                       လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • IDPs စခန်းများ၌ Covid-19 ကာကွယ်ရေးနှင့်စပ်လျဉ်း၍ လက်ဆေးဆပ်ပြာနှင့်ထုံးအိတ်များ ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၉.၂၀၂၀) ရက်နေ့တွင် ​ကွတ်ခိုင် မြို့နယ်အတွင်းရှိ IDP(camps) ၃ရပ်ကွက် ကာသိုလိပ်ဘုရားကျောင်း အိမ်ထောင်စု(၃၀)၊ လူဦးရေ(၁၃၈)၊ ကာလိုင်၁ အိမ်ထောင်စု(၈၄)၊ လူဦးရေ(၄၉၆) ၊ ကာလိုင်၂ အိမ်ထောင်စု (၁၇၅)၊ လူဦးရေ(၁၁၀၅)၊ စုစုပေါင်းအိမ်ထောင်စု(၂၈၉)စု၊ လူဦးရေ(၁၇၃၉)ဦးအတွက် စခန်း(၁)ခုလျှင် ထုံး(၁၀)အိတ်နှုန်း၊ လူတစ်ဦးလျှင်ဆပ်ပြာ(၁)တောင့်နှုင့်ဖြင့် ​စုစုပေါင်းထုံး (၃၀)အိတ်၊ လက်ဆေးဆပ်ပြာ(၁၇၃၉)တောင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #shn_sep2020   Source:                       ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • မိုးကြိုးဘေး ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နတ်မောက်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ ရေငံကျေးရွာအုပ်စု၊ ပ/ကျားထူးကျေးရွာတွင် (၁-၉-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် တစိတ်တပိုင်း ပျက်စီးခဲ့သည့် နေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စု၊လူ ဦးရေ (၃)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀ဝိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၆၃၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ (၅၆၃၀ဝိ/-)အား (၃-၉-၂၀၂၀) ရက်နေ့ (၁၄:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #mgy_sep2020 Source: နတ်မောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် စက်တင်ဘာလ(၃)ရက်နေ့တွင် သာစည်မြို့နယ်အတွင်း သာဂရကျေးရွာအုပ်စုရှိ သာဂရကျေးရွာ၊ ဆည်ကြီးကျေးရွာ၊ သုံးပတ်လည်ကျေးရွာ၊ ငှက်ကြီးသိုက်ကျေးရွာအုပ်စုရှိ ကျားပစ်ကန်ကျေးရွာ၊ ကန်ကွေ့ကျေးရွာ၊ ထနောင်းကန်ကျေးရွာ၊ ထနောင်းကုန်းကျေးရွာ၊ ငှက်ကြီးသိုက်ကျေးရွာများနှင့် အမှတ်(၁)နှင့် (၂)ရပ်ကွက်များသို့ Covid-19 ကူးစက်ပြန့်ပွားမှုဒုတိယလှိုင်းမဖြစ်စေရန် ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူလူထုမှလိုက်နာဆောင်ရွက်ရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအသိပညာပေးလှုံ့ဆော်ခြင်း၊ ပိုစတာများ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ကျေးရွာများအရောက် ကွင်းဆင်းအသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_sep2020 Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events