လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် စက်တင်ဘာလ(၃)ရက်နေ့တွင် သာစည်မြို့နယ်အတွင်း သာဂရကျေးရွာအုပ်စုရှိ သာဂရကျေးရွာ၊ ဆည်ကြီးကျေးရွာ၊ သုံးပတ်လည်ကျေးရွာ၊ ငှက်ကြီးသိုက်ကျေးရွာအုပ်စုရှိ ကျားပစ်ကန်ကျေးရွာ၊ ကန်ကွေ့ကျေးရွာ၊ ထနောင်းကန်ကျေးရွာ၊ ထနောင်းကုန်းကျေးရွာ၊ ငှက်ကြီးသိုက်ကျေးရွာများနှင့် အမှတ်(၁)နှင့် (၂)ရပ်ကွက်များသို့ Covid-19 ကူးစက်ပြန့်ပွားမှုဒုတိယလှိုင်းမဖြစ်စေရန် ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူလူထုမှလိုက်နာဆောင်ရွက်ရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအသိပညာပေးလှုံ့ဆော်ခြင်း၊ ပိုစတာများ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ကျေးရွာများအရောက် ကွင်းဆင်းအသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mdy_sep2020
Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)