IDPs စခန်းများ၌ Covid-19 ကာကွယ်ရေးနှင့်စပ်လျဉ်း၍ လက်ဆေးဆပ်ပြာနှင့်ထုံးအိတ်များ ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၉.၂၀၂၀) ရက်နေ့တွင် ​ကွတ်ခိုင် မြို့နယ်အတွင်းရှိ IDP(camps) ၃ရပ်ကွက် ကာသိုလိပ်ဘုရားကျောင်း အိမ်ထောင်စု(၃၀)၊ လူဦးရေ(၁၃၈)၊ ကာလိုင်၁ အိမ်ထောင်စု(၈၄)၊ လူဦးရေ(၄၉၆) ၊ ကာလိုင်၂ အိမ်ထောင်စု (၁၇၅)၊ လူဦးရေ(၁၁၀၅)၊ စုစုပေါင်းအိမ်ထောင်စု(၂၈၉)စု၊ လူဦးရေ(၁၇၃၉)ဦးအတွက် စခန်း(၁)ခုလျှင် ထုံး(၁၀)အိတ်နှုန်း၊ လူတစ်ဦးလျှင်ဆပ်ပြာ(၁)တောင့်နှုင့်ဖြင့် ​စုစုပေါင်းထုံး (၃၀)အိတ်၊ လက်ဆေးဆပ်ပြာ(၁၇၃၉)တောင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ar

#shn_sep2020

 

Source:                       ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events