Author Archives: Department of Disaster Management

  • Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်‌ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လဟယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၉-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်ထိ ဆော်လော်နောက်အင်းကျေးရွာ၌ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးအသိပညာပေးခြင်းနှင့် မိုးရာသီကာလ အတွင်းဖြစ်ပွားလေ့ရှိသည့် မြေပြိုဘေးနှင့် မိုးခေါင်ရေရှာဘေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လဟယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_sep2020

  • ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် COVID_19 စီးပွားရေးကုစားမှုအစီအစဥ် (CERP)အရ စားသောက်ကုန် (၅)မျိုး ဝယ်ယူရန် အိမ်ထောင်စု(၁)စုလျှင် (၄၀၀၀၀/-)နှုန်းဖြင့် မံစီမြို့နယ်၊ မိုင်းခေါင်ကျေးရွာရှိနှစ်ခြင်း Idps စခန်းတွင် အိမ်ထောင်စု(၃၈၆)စု၊ လူဦးရေ (၁၇၀၇)ဦးနှင့် ကက်သလစ် Idps စခန်းတွင် အိမ်ထောင်စု(၁၅၄)စု၊ လူဦးရေ(၇၃၂)ဦး၊ စုစုပေါင်းအိမ်ထောင်စု (၅၄၀)စု၊ လူဦးရေ (၂၄၃၉)ဦး၊ တို့အား စုစုပေါင်းထောက်ပံ့ငွေ (၂၁,၆၀၀,၀၀၀/-)ကျပ်ကို (၄-၉-၂၀၂၀)ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • Covid-19 ကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးဆောင်ရွက်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၉-၂၀၂၀) ရက်နေ့တွင် ကျေးရွာရပ်မိ/ရပ်ဖများနှင့်ပူးပေါင်းပြီး မော်လိုက်မြို့နယ်၊ လောင်းကောင်းကျေးရွာ၊ ညောင်ဝန်းကျေးရွာ၊ ညောင်သပြေကျေးရွာ စသည့်ကျေးရွာတို့တွင် Covid-19 ကူးစက်ရောဂါကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား အသိပညာပေးလှည့်လည်နှိုးဆော်ခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_sep2020

  • ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၉-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်၌ ရေစကြိုမြို့နယ်၊ မအူအောက်ဆိပ်ကျေးရွာအုပ်စု၊ မအူငယ် ကျေးရွာတွင် ချင်းတွင်းမြစ်ရေ တိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၅) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝိ/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀,၅၀ဝိ/-)၊ စုစုပေါင်း (၁၁၀၅၀ဝိ/-) ကျပ်အား (၄-၉-၂၀၂၀) ရက်နေ့၊ (၁၅:၀၀) … Read more

  • စားနပ်ရိက္ခာများထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မောင်တောခရိုင်၊ တောင်ပြို(လက်ဝဲ)မြို့နယ်အတွင်းရှိ နံ့သာတောင်ပရဟိတဘုန်းကြီးကျောင်း၌ ပညာသင်ကြားနေသည့် ကျောင်းသား/ သူ(၃၅၂)ဦးအတွက် စားနပ်ရိက္ခာ(၁)လစာ ဆန်(၁၁၀)အိတ်၊ ဆီ(၁၃၂)ပိဿာ၊ ဆား(၂၆.၄)ပိဿာနှင့် ပဲ(၅၂၈)ပိဿာတို့အား  (၄-၉-၂၀၂၀)နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_sep2020 Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ရောဂါနှင့် ပတ်သက်၍အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၉-၂၀၂၀) ရက်နေ့ နံနက်(၁၄:၀၀) နာရီအချိန်တွင် ကျောက်မဲမြို့နယ်ရှိ ဗဟိုစျေးကြီး၊ (၃)ရပ်ကွက်၊ (၄)ရပ်ကွက် တို့တွင် Covid-19 ကူးစက်ရောဂါဒုတိယလှိုင်းနှင့်ပတ်သက်သည့် လိုက်နာရမည့်အချက်များ အသိပညာပေးပန်ကြားခြင်း၊ စနစ်တကျလက်ဆေးနည်း ပါဝင်သည့် စာစောင်များ၊ သဘာဝဘေး အသိပညာပေးဆောင်ရန်၊ ရှောင်ရန်အချက်များပါသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2020 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ရောဂါနှင့် ပတ်သက်၍အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၉-၂၀၂၀) ရက်နေ့ နံနက်(၈:၀၀) နာရီအချိန်တွင် ကျောက်မဲမြို့နယ်ရှိ စျေးသစ်၊ ရပ်ကွက်(၁)၊ ရပ်ကွက်(၂) တို့တွင် Covid-19 ကူးစက်ရောဂါဒုတိယလှိုင်းနှင့်ပတ် သက်သည့် လိုက်နာရမည့်အချက်များ အသိပညာ ပေးပန်ကြားခြင်း၊ စနစ်တကျလက်ဆေးနည်း ပါဝင်သည့်စာစောင်များ၊ သဘာဝဘေးအသိ ပညာပေး ဆောင်ရန်၊ ရှောင်ရန်အချက်များပါသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2020 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • lDPsစခန်းများ၌(Covid-19) ရောဂါကာကွယ်ရေးနှင့်ပက်သက်ပြီး လက်ဆေးဆပ်ပြာနှင့်ထုံးအိတ်များထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၉-၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDP(camps) ပန်ကူရှိ အိမ်ထောင်စု(၁၀၅)စု၊ လူဦးရေ(၆၃၆)ဦး၊ နမ့်ဖက်ကာနှစ်ခြင်းအသင်းတော်ရှိ အိမ်ထောင်စု(၅၇)စု၊ လူဦးရေ(၂၆၃)ဦး၊ နမ့်ဖက်ကာနယ်မြေ(၄)ရှိ အိမ်ထောင်စု (၃၉)စု၊ လူဦးရေ(၁၂၂)ဦး၊ မိုင်းယုလေး အိမ်ထောင်စု (၇၇)စု၊ လူဦးရေ(၃၈၉)ဦးနှင့် မိုင်းယု(ကုန်စုံ) အိမ်ထောင်စု(၈၂)စု၊ လူဦးရေ(၄၂၄)ဦး စုစုပေါင်းအိမ်ထောင်စု(၃၆၀)စု၊ လူဦးရေ(၁၈၃၄)ဦးအတွက် စခန်း(၁)ခုလျှင် ထုံး(၁၀)အိတ်နှုန်း၊ လူတစ်ဦးလျှင်ဆပ်ပြာ(၁)တောင့်နှုင့်ဖြင့် စုစုပေါင်းစခန်း(၅)ခုအတွက် ထုံး (၅၀) အိတ်၊ လက်ဆေးဆပ်ပြာ(၁၈၃၄)တောင့် တို့ကိုထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more

  • COVID_19ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၉-၂၀၂၀) ရက်နေ့၌ မင်းကင်းမြို့အမှတ်(၁)၊ (၂)၊ (၃) ရပ်ကွက်၊ မြေစီးတောင်ကျေးရွာနှင့် လမ်းမတန်း ကျေးရွာတို့တွင် Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်များ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_sep2020

Sign Up

Upcoming Events