
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၉-၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDP(camps) ပန်ကူရှိ အိမ်ထောင်စု(၁၀၅)စု၊ လူဦးရေ(၆၃၆)ဦး၊ နမ့်ဖက်ကာနှစ်ခြင်းအသင်းတော်ရှိ အိမ်ထောင်စု(၅၇)စု၊ လူဦးရေ(၂၆၃)ဦး၊ နမ့်ဖက်ကာနယ်မြေ(၄)ရှိ အိမ်ထောင်စု (၃၉)စု၊ လူဦးရေ(၁၂၂)ဦး၊ မိုင်းယုလေး အိမ်ထောင်စု (၇၇)စု၊ လူဦးရေ(၃၈၉)ဦးနှင့် မိုင်းယု(ကုန်စုံ) အိမ်ထောင်စု(၈၂)စု၊ လူဦးရေ(၄၂၄)ဦး စုစုပေါင်းအိမ်ထောင်စု(၃၆၀)စု၊ လူဦးရေ(၁၈၃၄)ဦးအတွက် စခန်း(၁)ခုလျှင် ထုံး(၁၀)အိတ်နှုန်း၊ လူတစ်ဦးလျှင်ဆပ်ပြာ(၁)တောင့်နှုင့်ဖြင့် စုစုပေါင်းစခန်း(၅)ခုအတွက် ထုံး (၅၀) အိတ်၊ လက်ဆေးဆပ်ပြာ(၁၈၃၄)တောင့် တို့ကိုထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#shn_sep2020