လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မောင်တောခရိုင်၊ တောင်ပြို(လက်ဝဲ)မြို့နယ်အတွင်းရှိ နံ့သာတောင်ပရဟိတဘုန်းကြီးကျောင်း၌ ပညာသင်ကြားနေသည့် ကျောင်းသား/ သူ(၃၅၂)ဦးအတွက် စားနပ်ရိက္ခာ(၁)လစာ ဆန်(၁၁၀)အိတ်၊ ဆီ(၁၃၂)ပိဿာ၊ ဆား(၂၆.၄)ပိဿာနှင့် ပဲ(၅၂၈)ပိဿာတို့အား (၄-၉-၂၀၂၀)နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_otr
#rke_sep2020
Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ)