Author Archives: Department of Disaster Management

  • Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ(၈.၉.၂၀၂၀)ရက်နေ့ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ ထုံခါကျေးရွာ၊ ကော့ယွန်းကျေးရွာ၊ ချောင်းနှစ်ပေါက်ကျေးရွာ၊ သိန်ခွန်းကျေးရွာနှင့်၊ သဲဖြူကျေးရွာများတွင် Covid-19 အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်နှင့် ပိုစတာများဖြန့်ဝေခြင်း၊ မိုးကြိုးဘေး၊ ရေဘေး၊ မြေပြိုဘေးနှင့်ပက်သက်သည့် ဆောင်ရန်၊ ‌ရှောင်ရန်များအတွက် အသိပညာပေးခြင်းတို့ကို မြို့နယ်ကြက်ခြေနီ၊ ရပ်ကျေးအုပ်ချုပ်ရေးမှုးများနှင့်အတူ နံနက် (၀၇:၀၀) မှ (၁၂း၀၀) အချိန်ထိ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #tny_sep2020 Source:             တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၉-၂၀၂၀) ရက်နေ့တွင် မိုင်းဆတ်မြို့နယ်၊‌ ရေပူစမ်းကျေးရွာ၊ ပဖားအီကျေးရွာ၊ ဘာထန်ကျေးရွာ၊ မြိုင်သာယာကျေးရွာနှင့် လွယ်ဆောင်ကျေးရွာတို့၌ Covid-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။ Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_sep2020

  • Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်‌ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၉-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ (၁၂:၃၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ဖိုးဝါသိမ်ကျေးရွာအုပ်စုအတွင်းရှိ ဖိုးဝါသိမ်ကျေးရွာ၊ ရှမ်းစုကျေးရွာနှင့် ညောင်ထောက် ကျေးရွာတို့တွင် Covid-19 ကူးစက်ရောဂါနှင့်စပ်လျဥ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ ရေဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေး နှင့် မြေပြိုဘေးတို့နှင့် စပ်လျဥ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်တို့ဖြင့် လှည့်လည်အသိပညာပေးနှိုးဆောင် ခဲ့ပြီး ဗီနိုင်းပိုစတာများ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar … Read more

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆာင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၉-၂၀၂၀) ရက်နေ့တွင် ပေါက်မြို့နယ်၊ အင်းတောကျေးရွာအုပ်စု၊ အုန်းတော(တ)ကျေးရွာ၊ အုန်းတော(မ)ကျေးရွာနှင့် သံပရာအိုင့်ကျေးရွာအုပ်စု၊ ယာကြီးပြင်ကျေးရွာတို့တွင် Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပေါက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_sep2020

  • Covid-19 ကူးစက်ရောနှင့် မိုးရာသီကာလတွင်ဖြစ်ပေါ်လေ့ရှိသော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Covid-19 ရောဂါဒုတိယလှိုင်းမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင်ဖြစ်ပွား လေ့ရှိသည့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေးအသိပညာပေးနိုးဆော်ခြင်းများကို လော်စပီကာအသုံးပြု၍ဂန့်ဂေါမြို့နယ်၊ ပျားကျေးရွာနှင့် အောင်မြင်ကျေးရွာများသို့ (၈-၉-၂၀၂၀) ရက်နေ့ (၀၈:၃၀) နာရီမှ (၁၁:၀၀) နာရီအချိန်ထိ ဆောင်ရွက်ခဲ့ပါကြောင်းနှင့် လက် ကမ်းစာစောင် များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_sep2020

  • လေပြင်းဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၉-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ တောင်ပု ကျေးရွာအုပ်စု၊ အိုးဘိုကျေးရွာ၌ လေးပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲ၍ အိမ်တစ်လုံး ပြိုကျခဲ့ပါသဖြင့် အိမ်ထောင်စု (၁) စု လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၈,၄၀၀/-) ကျပ်၊ အိမ်‌ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စာ၊ mask (၄)ခုအား (၈-၉-၂၀၂၀)ရက်နေ့တွင် … Read more

  • COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၉-၂၀၂၀) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် ကျောက်မဲမြို့၊ နောင်ပိန်စျေး၊ ပင်တိန်ကျေးရွာ၊ နမ့်ဟန်ခိတ်ကျေးရွာတို့တွင် Covid-19 ကူးစက်ရောဂါဒုတိယလှိုင်းနှင့် ပတ်သက်သည့် လိုက်နာရမည့်အချက်များ အသိပညာပေးပန်ကြားခြင်း၊ စနစ်တကျလက်ဆေးနည်း ပါဝင် သည့် စာစောင်များ၊ သဘာဝဘေးအသိပညာပေး ဆောင်ရန်၊ ရှောင်ရန်အချက်များပါသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_sep2020

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး‌ ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လွိုင်လင် covid-19ရောဂါ ​ကာကွယ်ရန်အကူအညီပေးရေးအဖွဲ့၊ မေတ္တာလွှမ်းခြုံလွှာ လူမူကူညီရေးအဖွဲ့ ​တို့နှင့်ပူးပေါင်း၍ Covid-19 ကူးစက်ရောဂါ ဒုတိယလှိုင်းကာလအတွင်း ပြည်တွင်းကူးစက်ပျံ့ပွားမှု ကြိုတင်ကာကွယ်ရေးအတွက် (၇.၈.၂၀၂၀)ရက်နေ့၊ နံနက်(၉းဝဝ) နာရီမှနေ့လည်(၁၂းဝဝ)ထိ လွိုင်လင်မြို့၊ ပန်ဝိုးကျေးရွာအုပ်စု၊ နောင်ကော့ကျေးရွာ၊ ပန်ဝိုးကျေးရွာ၊ ဟွမ်ဟောင်ကျေးရွာ၌လည်းကောင်း၊ မွန်းလွဲပိုင်း(၁၃းဝဝ)မှ (၁၆း၃၀)ထိ ဝါးတောကျေးရွာ၊​ နောင့်တောင်းကျေးရွာ၌လည်းကောင်း Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ သဘာဝဘေးအန္တရာယ် ဆောင်ရန်/ရှောင်ရန် စသည်များအား ပအိုဘာသာ၊ ရှမ်းဘာသာ၊ မြန်မာဘာသာဖြင့် လှည့်လည်ဆော်သြပြီး ပါးစပ်နှင့်နှာခေါင်းစည်း(mask)များဖြန့်ဝေခြင်း၊ Covid-19 … Read more

  • Covid-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်းမပေါ်ပေါက်စေရေး အသိပညာပေးဆောင်ရွက်မှု သတင်း

    (၇-၉-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများသည် ရန်ကုန်‌အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊အမှတ် (၁) ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက် ၊အမှတ် (၃) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်များတွင် (Covid-19) ကူးစက်ဖြစ်ပွားမှု ဒုတိယ လှိုင်း‌မပေါ်ပေါက်စေရေးနှင့် ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ပြည်သူသို့ အသိပေးပန်ကြားချက်များနှင့် မုန်တိုင်းဘေး၊ … Read more

Sign Up

Upcoming Events