Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး‌ ဆောင်ရွက်ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လွိုင်လင် covid-19ရောဂါ ​ကာကွယ်ရန်အကူအညီပေးရေးအဖွဲ့၊ မေတ္တာလွှမ်းခြုံလွှာ လူမူကူညီရေးအဖွဲ့ ​တို့နှင့်ပူးပေါင်း၍ Covid-19 ကူးစက်ရောဂါ ဒုတိယလှိုင်းကာလအတွင်း ပြည်တွင်းကူးစက်ပျံ့ပွားမှု ကြိုတင်ကာကွယ်ရေးအတွက် (၇.၈.၂၀၂၀)ရက်နေ့၊ နံနက်(၉းဝဝ) နာရီမှနေ့လည်(၁၂းဝဝ)ထိ လွိုင်လင်မြို့၊ ပန်ဝိုးကျေးရွာအုပ်စု၊ နောင်ကော့ကျေးရွာ၊ ပန်ဝိုးကျေးရွာ၊ ဟွမ်ဟောင်ကျေးရွာ၌လည်းကောင်း၊ မွန်းလွဲပိုင်း(၁၃းဝဝ)မှ (၁၆း၃၀)ထိ ဝါးတောကျေးရွာ၊​ နောင့်တောင်းကျေးရွာ၌လည်းကောင်း Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ သဘာဝဘေးအန္တရာယ် ဆောင်ရန်/ရှောင်ရန် စသည်များအား ပအိုဘာသာ၊ ရှမ်းဘာသာ၊ မြန်မာဘာသာဖြင့် လှည့်လည်ဆော်သြပြီး ပါးစပ်နှင့်နှာခေါင်းစည်း(mask)များဖြန့်ဝေခြင်း၊ Covid-19 အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ​ခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်လက်ကမ်းစာစောင်များဖြန့်ဝေခြင်း ပိုစတာများကပ်ခြင်း/ ဖြန့်ဝေခြင်း၊ ဗီနိုင်းကပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ar

#shn_sep2020

Source:             လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events