လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ(၈.၉.၂၀၂၀)ရက်နေ့ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ ထုံခါကျေးရွာ၊ ကော့ယွန်းကျေးရွာ၊ ချောင်းနှစ်ပေါက်ကျေးရွာ၊ သိန်ခွန်းကျေးရွာနှင့်၊ သဲဖြူကျေးရွာများတွင် Covid-19 အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်နှင့် ပိုစတာများဖြန့်ဝေခြင်း၊ မိုးကြိုးဘေး၊ ရေဘေး၊ မြေပြိုဘေးနှင့်ပက်သက်သည့် ဆောင်ရန်၊ ရှောင်ရန်များအတွက် အသိပညာပေးခြင်းတို့ကို မြို့နယ်ကြက်ခြေနီ၊ ရပ်ကျေးအုပ်ချုပ်ရေးမှုးများနှင့်အတူ နံနက် (၀၇:၀၀) မှ (၁၂း၀၀) အချိန်ထိ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#tny_sep2020
Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)