
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၉-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ တောင်ပု ကျေးရွာအုပ်စု၊ အိုးဘိုကျေးရွာ၌ လေးပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲ၍ အိမ်တစ်လုံး ပြိုကျခဲ့ပါသဖြင့် အိမ်ထောင်စု (၁) စု လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၈,၄၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စာ၊ mask (၄)ခုအား (၈-၉-၂၀၂၀)ရက်နေ့တွင် ဘေးသင့်ပြည်သူ၏ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#sgg_sep2020