Author Archives: Department of Disaster Management

  • Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ (၈-၉-၂၀၂၀)ရက်နေ့ နေ့လည်(၁၃း၀၀)နာရီတွင် ကျောက်မဲမြို့၊ စခန်းသာကျေးရွာ၊ နားအိုက်ခန့်ရွာ၊ ခိုအုံခိုမုံးကျေးရွာတို့တွင် Covid-19 ကူးစက်ရောဂါဒုတိယလှိုင်းနှင့်ပတ်သက်သည့် လိုက်နာရမည့်အချက်များ အသိပညာပေး ပန်ကြားခြင်း၊ စနစ်တကျလက်ဆေးနည်းပါဝင်သည့်စာစောင်များ၊ သဘာဝဘေးအသိပညာပေး ဆောင်ရန်၊ ရှောင်ရန်အချက်များပါသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်   #ar #shn_sep2020 Source:             ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်  (၈-၉-၂၀၂၀) ရက်နေ့၌ ထားဝယ်မြို့နယ် ညောင်တုန်းကျေးရွာ၊ ကလစ်ကြီးကျေးရွာနှင့် မြေးခံဘော်ကျေးရွာ တို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် အသိပညာပေးချက်များ၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိအညာပေးခြင်းနှင့် ကမ်းစာစောင်များဝေငှခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny _sep2020 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • မိုးကြိုးဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၉-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ နတ္တောင့် ကျေးရွာအုပ်စု၊ ဆေးကျွန်းကျေးရွာ၌ မိုးကြိုးပစ်မှုကြောင့် လူနေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ပါသဖြင့် အိမ်ထောင်စု (၁) စု လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀၀/-) ကျပ်၊ အိမ်‌ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်‌ရေး ပစ္စည်း(၁၇)မျိုး (၁) အိမ်ထောင်စာ၊ mask (၄) ခုအား (၈-၉-၂၀၂၀) ရက်နေ့တွင် … Read more

  • ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ​​​​ကျောက်ရဲကျွန်း​ကျေးရွာ၊ ဆင်မကျွန်း​ကျေးရွာ၊ ဥယျာဥ်စု​ကျေးရွာနှင့် ကြူ​တော(မ)ကျေးရွာတို့တွင် (၂-၉-၂၀၂၀)ရက်​နေ့၌ ဖြစ်ပွားခဲ့​သော ဧရာဝတီမြစ်​ရေတိုက်စား၍ ကမ်းပါးပြိုကျမည်ကို စိုးရိမ်​မှုကြောင့် ကြိုတင်​ပြောင်း​ရွှေ့အိမ်​ခြေ(၄၇)လုံး၊ အိမ်​ထောင်စု(၄၇)စုတို့အတွက် အိမ်​ဆောက်ပစ္စည်းဖိုး(၄,၇၀၀,၀၀၀ိ/-)၊ လူဦး​ရေ(၁၈၆)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာ (၃၉၀,၆၀၀ိ/-)ကျပ်၊ စုစု​​ပေါင်း​ထောက်ပံ့​ငွေ(၅,၀၉၀,၆၀၀ိ/-)အား (၈-၉-၂၀၂၀)ရက်​နေ့၊ (၁၅:၀၀)အချိန်တွင် ​​​အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးဌာနမှ တာဝန်ရှိသူများနှင့်အတူ ​ဘေးသင့်ပြည်သူများ လက်ဝယ်အ​ရောက် သွား​ရောက်ထောက်ပံ့​ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_rbe #mgy_sep2020 Source:             မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ) သည္။

  • COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၉-၂၀၂၀)ရက်နေ့၊ (၁၀:၀၀) အချိန်မှ (၁၄:၀၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားတတ်သည့် ရေဘေးအန္တရာယ်နှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များနှင့် ပတ်သက်၍ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာအုပ်စု၊ အေးမြင့်သာယာကျေးရွာ၊ ပေါက်တောကျေးရွာ၊ တောက်ထိန် ကျေးရွာ၊ စက်ကုန်းကျေးရွာ၊ ဝက်ကုန်းကျေးရွာ၊ ခါးပြတ်ကျေးရွာများအတွင်းရှိ ပြည်သူများသို့ လက်ကမ်းစာစောင်များဖြန့်ဝေပေးအပ်၍ ထိရောက်စွာအသိပညာ‌ပေးခြင်းများအား ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • ကြိုတင်ပြောင်းရွှေ့ ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေလည်ကျွန်းအုပ်စု၊ အောင်မင်္ဂလာကျေးရွာတွင်(၄.၉.၂၀၂၀)ရက်နေ့ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀ဝိ/-)ကျပ်၊ လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ ထောက်ပံ့ငွေ(၁၀၅၀ဝိ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁)ပုံးတို့အား (၈.၉.၂၀၂၀)ရက်နေ့ နေ့လည်(၁၃:၃၀)နာရီ အချိန်တွင် ရပ်ကျေးစာရေးနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_rbe #bgo_sep2020 Source:             ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၉-၂၀၂၀) ရက်နေ့၌ မင်းဘူးမြို့၊ အမှတ်(၁)ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၃) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်နှင့် အေးမြသာယာရပ်ကွက်တို့တွင် Covid-19 ရောဂါကြိုတင် ကာကွယ်ရေးနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေးအန္တရာယ်များ ကြိုတင် ပြင်ဆင်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_sep2020

  • Covid-19ကူးစက်ရောဂါ မဖြစ်စေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့နှင့် ပူးပေါင်း၍ (၈-၉-၂၀၂၀) ရက်နေ့၊ မနက် (၀၈း၀၀) နာရီအချိန်မှစ၍ မိုင်းပျဉ်းမြို့နယ်၊ အလယ်ပိုင်းရပ်ကွက်နှင့် ကောက်ဈေးတန်း ရပ်ကွက်တို့၌ Covid-19 ဒုတိယလှိုင်းမဖြစ်စေရန် ပြည်သူများလိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့်လှည့်လည်ဟောပြောခြင်း ၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းတို့ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_sep2020

  • COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၉-၂၀၂၀) ရက်နေ့တွင် မင်းလှမြို့၊ အမှတ် (၁၊၂၊၃၊၄၊၅) ရပ်ကွက်နှင့် မြို့မဈေးတို့တွင် Covid-19ရောဂါကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်း‌မပေါ်ပေါက်စေရေးနှင့် ပတ်သက်၍ အများပြည်သူများ သိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ပြည်သူသို့ အသိပေးပန်ကြားချက်များ၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ အများပြည်သူများ သိရှိလိုက်နာရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: မင်းလှမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #bgo_sep2020

Sign Up

Upcoming Events