လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေလည်ကျွန်းအုပ်စု၊ အောင်မင်္ဂလာကျေးရွာတွင်(၄.၉.၂၀၂၀)ရက်နေ့ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀ဝိ/-)ကျပ်၊ လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ ထောက်ပံ့ငွေ(၁၀၅၀ဝိ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁)ပုံးတို့အား (၈.၉.၂၀၂၀)ရက်နေ့ နေ့လည်(၁၃:၃၀)နာရီ အချိန်တွင် ရပ်ကျေးစာရေးနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#bgo_sep2020
Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)