COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၉-၂၀၂၀)ရက်နေ့၊ (၁၀:၀၀) အချိန်မှ (၁၄:၀၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားတတ်သည့် ရေဘေးအန္တရာယ်နှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များနှင့် ပတ်သက်၍ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာအုပ်စု၊ အေးမြင့်သာယာကျေးရွာ၊ ပေါက်တောကျေးရွာ၊ တောက်ထိန် ကျေးရွာ၊ စက်ကုန်းကျေးရွာ၊ ဝက်ကုန်းကျေးရွာ၊ ခါးပြတ်ကျေးရွာများအတွင်းရှိ ပြည်သူများသို့ လက်ကမ်းစာစောင်များဖြန့်ဝေပေးအပ်၍ ထိရောက်စွာအသိပညာ‌ပေးခြင်းများအား ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။

#ar

#npw _sep2020

Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events