လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကျောက်ရဲကျွန်းကျေးရွာ၊ ဆင်မကျွန်းကျေးရွာ၊ ဥယျာဥ်စုကျေးရွာနှင့် ကြူတော(မ)ကျေးရွာတို့တွင် (၂-၉-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမည်ကို စိုးရိမ်မှုကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ(၄၇)လုံး၊ အိမ်ထောင်စု(၄၇)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၄,၇၀၀,၀၀၀ိ/-)၊ လူဦးရေ(၁၈၆)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာ (၃၉၀,၆၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၅,၀၉၀,၆၀၀ိ/-)အား (၈-၉-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#mgy_sep2020
Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)
သည္။