Author Archives: Department of Disaster Management

  • COVID-19 ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၉-၂၀၂၁)ရက်နေ့၊ နံနက်ပိုင်းတွင် ကျိုင်းတုံ​မြို့နယ်၊ ကတ်ထိုက်ကျေးရွာအုပ်စု၊ ကတ်ထိုက်ကျေးရွာ၊ တင်ထပ်ကျေးရွာ၊ တုံကွမ်ကျေးရွာ၊ နောင်ရှန်ကျေးရွာ၊ ဟွေပုန်ကျေးရွာနှင့် ကတ်ဝုန်းကျေးရွာတို့တွင် COVID-19 ရောဂါတတိယလှိုင်း ကူးစက်ပျံ့နှံ့မှုများ ပိုမိုမဖြစ်ပွားစေရေးအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့်နှိူးဆော်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်နှင့် တစ်ခါသုံး Mask များဝေငှခြင်းတို့ကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2021 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၉-၂၀၂၁)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီမှ (၁၂း၀၀)နာရီအချိန်ထိ ပဲခူးမြို့နယ်၊ ဥဿမြို့သစ်၊ ရပ်ကွက်ကြီး(၄)နှင့် ရပ်ကွက်ကြီး(၅)တို့တွင် stay at home ကာလအတွင်း ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ပြည်သူများ သိရှိလိုက်နာရန်အချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးလက်ကမ်းစာစောင်နှင့် Surgical Mask များဝေငှခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_sep2021 Souce: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • မြစ်ရေကြီးမှုအခြေအနေသတင်း

    မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ (၈-၉-၂၀၂၁) ရက်နေ့တွင် မြစ်ရေကြီးမှု အခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ဧရာဝတီမြစ်စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအ​ခြေအနေ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ယနေ့မြန်မာစံတော်ချိန် (၀၇:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၃)လက်မခန့် ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၀၇:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဇလွန်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၅)လက်မခန့် ကျော် လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ပါသည်။ ငဝန်မြစ်စိုးရိမ်ရေမှတ်၌ … Read more

  • ကမ်းပြိုဘေးနှင့် ရေးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ကျေးရွာအုပ်စု(၅)အုပ်စု၊ ကျေးရွာ(၅)ရွာတို့တွင် (၂-၉-၂၀၂၁)၊ (၄-၉-၂၀၂၁)ရက်နေ့နှင့်(၅-၉-၂၀၂၁)ရက်နေ့တို့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးနှင့်ရေဘေးတို့မှ ကမ်းပြိုဘေးသင့် ကြိုတင်ပြောင်းရွှေ့နေအိမ်(၁၄)လုံးနှင့် ရေဘေးသင့်ပြိုလဲနေအိမ်(၄)လုံး တို့အတွက် စုစုပေါင်းအိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁,၈၀၀,၀၀၀/-)ကျပ်နှင့် အိမ်ထောင်စု (၁၈)စုရှိ လူဦးရေ(၆၇)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၄၀,၇၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁,၉၄၀,၇၀၀/-)ကျပ်နှင့် ရေဘေးသင့်ပြိုလဲနေအိမ်(၄)အိမ်ထောင်စုအတွက် ကယ်ဆယ်​ရေးပစ္စည်း(၁၇)မျိုးပါ ပုံး(၄)ပုံးတို့အား (၇-၉-၂၀၂၁)ရက်နေ့၊ (၁၅း၀၀)နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးရှိ(OSS)ရုံးခန်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ပြန်/ဆက်မှတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း … Read more

  • COVID-19 ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်း‌ဒေသကြီးအတွင်းရှိ ညောင်ဦးခရိုင်ဦးစီးမှူးရုံး၊ ရမည်းသင်းခရိုင် ဦးစီးမှူးရုံး၊ နွားထိုးကြီးမြို့နယ်ဦးစီးမှူးရုံး၊ တံတားဦးမြို့နယ်ဦးစီးမှူးရုံးနှင့် ဝမ်းတွင်းမြို့နယ် ဦးစီးမှူးရုံးတို့မှ တာ၀န်ရှိသူများသည် (၇-၉-၂၀၂၁) ရက်နေ့တွင် ညောင်ဦးမြို့နယ်၊ ရမည်းသင်း မြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ တံတားဦးမြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာအုပ်စုနှင့် ကျေးရွာများ၌ COVID-19 ရောဂါနှင့်စပ်လျဉ်း၍အသိပညာပေးခြင်းနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သော ‌သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_spe2021 Source: မန္တလေးတိုင်း‌ဒေသကြီး (ဘစမ)    

  • COVID-19 ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၉-၂၀၂၁) ရက်နေ့၊ ည​နေပိုင်းတွင် ကျိုင်းတုံ​မြို့နယ်၊ ယန်းလော့ကျေးရွာအုပ်စု၊ ယန်းလော့ကျေးရွာ၊ နမ့်ဝန်စန့်ကျေးရွာ၊ ဝမ်လောက်ကျေးရွာ၊ ဟိုခိုကျေးရွာ၊ ဆွန်နော်ခမ်းကျေးရွာနှင့် ဝမ်နားခန်းကျေးရွာတို့တွင် COVID- 19 ရောဂါ တတိယလှိုင်းကူးစက်ပျံ့နှံ့မှုများ ပိုမိုမဖြစ်ပွားစေရေးအတွက် ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့်နှိူးဆော်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်နှင့် တစ်ခါသုံး Mask များဝေငှခြင်းတို့ကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2021 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့် ပူးပေါင်း၍ (၇-၉-၂၀၂၁) ရက်နေ့၊ နေ့လယ်ပိုင်းတွင် ဟိုပန်မြို့ရှိ ပန်လုံလမ်းရပ်ကွက်နှင့် မန်ခွန်ရပ်ကွက်တို့တွင် Covid–19 ရောဂါ ကူးစက်ပျံ့နှံ့မှု ပိုမိုမဖြစ်ပွားစေရန်အတွက် ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် နှိူးဆော်ခြင်း၊ Covid-19 ရောဂါ အသိပညာပေးလက်ကမ်းစာစောင်နှင့် တစ်ခါသုံး Mask များ ဝေငှခြင်း အစီအစဉ်တို့ကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_sep2021  

  • COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့် ပူးပေါင်း၍ (၇-၉-၂၀၂၁) ရက်နေ့၊ နံနက်ပိုင်းတွင် ဟိုပန်မြို့ရှိ ရုံးကုန်းရပ်ကွက်နှင့် ကောင်းဟုန်းရပ်ကွက်တို့တွင် Covid–19 ရောဂါကူးစက်ပျံ့နှံ့မှု ပိုမိုမဖြစ်ပွားစေရန်အတွက် ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် နှိူးဆော်ခြင်း၊ Covid–19 ရောဂါ အသိပညာပေးလက်ကမ်းစာစောင်နှင့် တစ်ခါသုံး Mask များ ဝေငှခြင်း အစီအစဉ်တို့ကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_sep2021

  • ဒဏ်ရာရပြည်သူအားထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၅-၉-၂၀၂၁)ရက်နေ့၊ (၂၁:၄၀) အချိန်ခန့်တွင် ဖာပွန်မြို့၊ ဖာပွန်ခရိုင်ပြည်သူ့ဆေးရုံ၊ အရိုးအကြောလူနာဆောင်အနီးရှိ အဆောက်အဦများသို့ လက်နက်ကြီးကျရောက်ထိမှန်ခဲ့သောကြောင့် ကိုဗစ်-၁၉ ဆေးကုသမှုခံယူနေသူ(၁)ဦးဒဏ်ရာရှိခဲ့သဖြင့် အဆိုပါဒဏ်ရာရရှိသူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၅၀,၀၀ဝ/-)ကျပ်အား (၇-၉-၂၀၂၁)ရက်နေ့၊ (၁၀:၃၀)နာရီ အချိန်ခန့်တွင် ဖာပွန်ခရိုင်ပြည်သူ့ဆေးရုံသို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #krn_sep2021 Source: ဖာပွန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပသိပညာပေးဆောင်ရွက်မှုူသတင်း

    လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  ပဲခူးတိုင်းဒေသကြီးဦစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၉-၂၀၂၁) ရက်နေ့၌  ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ဥဿမြို့သစ်၊ ရပ်ကွက်ကြီး (၁) နှင့် ရပ်ကွက်ကြီး (၂) တို့တွင် stay at home ကာလအတွင်း Covid-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး လိုက်နာဆောင်ရွက်ရမည့်ကာကွယ်ရေးနည်းလမ်းများနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရန်/ ရှောင်ရန် များအား အများပြည်သူသိရှိလိုက်နာနိုင်ရေး လော်စပီကာဖြင့်လိုက်လံနှိုးဆော်ခြင်းအား ဆောင်ရွက်ခဲ့ပါကြောင်း သင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #bgo_sep2021

Sign Up

Upcoming Events