COVID-19 ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၉-၂၀၂၁) ရက်နေ့၊ ည​နေပိုင်းတွင် ကျိုင်းတုံ​မြို့နယ်၊ ယန်းလော့ကျေးရွာအုပ်စု၊ ယန်းလော့ကျေးရွာ၊ နမ့်ဝန်စန့်ကျေးရွာ၊ ဝမ်လောက်ကျေးရွာ၊ ဟိုခိုကျေးရွာ၊ ဆွန်နော်ခမ်းကျေးရွာနှင့် ဝမ်နားခန်းကျေးရွာတို့တွင် COVID- 19 ရောဂါ တတိယလှိုင်းကူးစက်ပျံ့နှံ့မှုများ ပိုမိုမဖြစ်ပွားစေရေးအတွက် ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့်နှိူးဆော်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်နှင့် တစ်ခါသုံး Mask များဝေငှခြင်းတို့ကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#shn_sep2021

Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events