လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ကျေးရွာအုပ်စု(၅)အုပ်စု၊ ကျေးရွာ(၅)ရွာတို့တွင် (၂-၉-၂၀၂၁)၊ (၄-၉-၂၀၂၁)ရက်နေ့နှင့်(၅-၉-၂၀၂၁)ရက်နေ့တို့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးနှင့်ရေဘေးတို့မှ ကမ်းပြိုဘေးသင့် ကြိုတင်ပြောင်းရွှေ့နေအိမ်(၁၄)လုံးနှင့် ရေဘေးသင့်ပြိုလဲနေအိမ်(၄)လုံး တို့အတွက် စုစုပေါင်းအိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁,၈၀၀,၀၀၀/-)ကျပ်နှင့် အိမ်ထောင်စု (၁၈)စုရှိ လူဦးရေ(၆၇)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၄၀,၇၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁,၉၄၀,၇၀၀/-)ကျပ်နှင့် ရေဘေးသင့်ပြိုလဲနေအိမ်(၄)အိမ်ထောင်စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပုံး(၄)ပုံးတို့အား (၇-၉-၂၀၂၁)ရက်နေ့၊ (၁၅း၀၀)နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးရှိ(OSS)ရုံးခန်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ပြန်/ဆက်မှတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_rbe_fld
#bgo_sep2021
Souce: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)