COVID-19 ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်း‌ဒေသကြီးအတွင်းရှိ ညောင်ဦးခရိုင်ဦးစီးမှူးရုံး၊ ရမည်းသင်းခရိုင် ဦးစီးမှူးရုံး၊ နွားထိုးကြီးမြို့နယ်ဦးစီးမှူးရုံး၊ တံတားဦးမြို့နယ်ဦးစီးမှူးရုံးနှင့် ဝမ်းတွင်းမြို့နယ် ဦးစီးမှူးရုံးတို့မှ တာ၀န်ရှိသူများသည် (၇-၉-၂၀၂၁) ရက်နေ့တွင် ညောင်ဦးမြို့နယ်၊ ရမည်းသင်း မြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ တံတားဦးမြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာအုပ်စုနှင့် ကျေးရွာများ၌ COVID-19 ရောဂါနှင့်စပ်လျဉ်း၍အသိပညာပေးခြင်းနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သော ‌သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#mdy_spe2021

Source: မန္တလေးတိုင်း‌ဒေသကြီး (ဘစမ)

 

 

Sign Up

Upcoming Events