Author Archives: Department of Disaster Management
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက်နေ့တွင် ချောင်းဆုံမြို့နယ် အတွင်းရှိ ကမာကေးကျေးရွာ နှင့် ကွမ်လှာကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များနှင့် ရေဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေးတို့နှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်တို့ဖြင့် လှည့်လှည်အသိပညာပေး နှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_sep2020
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် မိုင်းဖြတ်မြို့နယ်ရှိ ကောင်းမှု ကျေးရွာနှင့် ဘိုရှီးကျေးရွာတို့တွင် covid_19ရောဂါ ဒုတိယလှိုင်း ကူးစက်ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် ကျေးရွာပြည်သူ များအား covid_19 ရောဂါနှင့်ပတ်သတ်သော ကျန်းမားရေးအမူအကျင့်များ၊ လိုက်နာဆောင်ရွက်ရမည့်စည်းကမ်းချက်နှင့် သဘာဝဘေးအသိပညာတို့အား အသံချဲ့စက်အသုံးပြု၍ ပြည်သူများသိရှိလိုက်နာနိုင်ရန်အတွက် အသိပညာပေးခြင်းနှင့် covid_19 အသိပညာပေးလက်ကမ်းစာစောင်များ၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ Maskများ၊ လက်ဆေးဆပ်ပြာ တို့အား ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_sep2020
-
Covid-19 ကူးစက်ရောဂါ၊ မိုးကြိုးဘေး၊ ရေဘေး၊ မြေပြိုဘေးတို့နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ ပဝကျေးရွာအုပ်စု၊ ပဝဝါသကျေးရွာ၊ ပဝချောင်းထဲကျေးရွာ၊ ပဝရွာမကျေးရွာနှင့် ပဝကျွန်းရှည်ကျေးရွာများတွင် Covid-19 အသိပညာပေးခြင်း၊ ပိုစတာနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မိုးကြိုးဘေး၊ ရေဘေး၊ မြေပြိုဘေးနှင့်ပက်သက်သည့် ဆောင်ရန်/ရှောင်ရန်များအတွက် အသိပညာပေးခြင်းတို့ကို မြို့နယ်ကြက်ခြေနီ၊ ရပ်ကျေးအုပ်ချုပ်ရေးမှုးများနှင့်အတူ နံနက် (၀၈:၀၀) အချိန်မှ နေ့လည် (၁၃:၀၀) အချိန်ထိ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #thy_sep2020
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက်နေ့တွင် ပုလောမြို့နယ်၊ ကဒဲကျေးရွာအုပ်စုမှ ရပ်/ကျေး အုပ်ချုပ်ရေးမှူးအဖွဲ့များနှင့်ပူးပေါင်း၍ ကဒဲပဝတ်ကုန်း၊ ပဝတ်ဖျားကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါ (ဒုတိယလှိုင်း) အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနဲ့ပတ်သက်၍ အများ ပြည်သူသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ လေပြင်းဘေး ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဝေငှခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပုလောမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #tny_sep2020
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက်နေ့တွင် မူဆယ်မြို့နယ်၊ တောင်ရပ်ကွက်၌ Covid-19 ဒုတိယ လှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များအသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း ၊ Mask နှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မူဆယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_sep2020
-
Covid-19 ကူးစက်ရောဂါနှင့် မိုးရာသီကာလတွင်ဖြစ်ပေါ်လေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးအန္တရာယ်တို့နှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာနတို့နှင့် အတူပူးပေါင်း၍ (၉-၉-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်ထိ မော်လမြိုင်ကျွန်းမြို့နယ်၊ ပက်ပြဲကျေးရွာအုပ်စုအတွင်းရှိ ကျုံလှကျေးရွာ၊ စခန်းချောင်းကျေးရွာ၊ ပက်ပြဲကျေးရွာ၊ ချင်းစုကျေးရွာ၊ ဦတိုကျေးရွာနှင့် ကျီးချောင်းကျေးရွာတို့အတွင်း Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန်အတွက် အများပြည်သူများ သိရှိလိုက်နာရန်အချက်များအား ကွင်းဆင်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များ၊ မိုးရွာသီတွင်ဖြစ်ပွားတတ်သော မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဝေငှခြင်းများကို အများပြည်သူတို့ သိရှိလိုက်နာနိုင်စေရန် ကွင်းဆင်းလှည့်လှည်၍ … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက်နေ့ မနက်(၈:၀၀) နာရီအချိန်မှ၍ မိုင်းပျဉ်းမြို့နယ်၊ ပိန်းဆန်းရပ်ကွက်နှင့် ဝမ်မိုင်ရွာတို့တွင် Covid-19 ဒုတိယလှိုင်းမဖြစ်စေရန် ပြည်သူများလိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့်လှည့်လည်ဟောပြောခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းတို့ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_sep2020
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် အသိပညာပေးခြင်းနှင့် မိုးကြိုးဘေးအန္တရာယ်အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက်နေ့၌ မင်းဘူး (စကု) မြို့နယ်၊ ကြာကန်ကျေးရွာ၊ အောက်ကျောင်းကျေးရွာ၊ နန်းဦးကျေးရွာ၊ လေးအိမ်တန်းကျေးရွာ၊ လက်ပတောကျေးရွာ၊ ပေါက်ကုန်းကျေးရွာတို့တွင် Covid-19 ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေး နိုးဆော်ခြင်းများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_sep2020
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက်နေ့၊ (၀၉:၃၀) နာရီအချိန်တွင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူပေါင်း၍ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့၊ အမှတ် (၁) ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်တို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်းမပေါ်ပေါက်စေရေး ပြည်သူသို့ပန်ကြားချက်နှင့် ဧရာဝတီတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ပြီးဖြစ်သည့်တားမြစ်မိန့်နှင့်ညွှန်ကြားချက်များအားလည်းကောင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအသိပညာများအား အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်းလှည့်လှည်၍ အသိပညာပေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Souirce: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_sep2020
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ သဲဖြူချောင်းကျေးရွာအုပ်စုအတွင်းရှိ သဲဖြူချောင်းကျေးရွာ၊ ဇီးကုန်းကျေးရွာ၊ ဝါးဖြူကုန်းကျေးရွာနှင့်ကျိုက်တဲကျေးရွာတို့တွင် Covid-19 ကူးစက်ရောဂါနှင့်စပ်လျဥ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ ရေဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေး နှင့် မြေပြိုဘေးတို့နှင့် စပ်လျဥ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်တို့ဖြင့် လှည့်လည်အသိပညာပေးနှိုးဆောင် ခဲ့ပြီး ဗီနိုင်းပိုစတာများ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_sep2020
