
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက်နေ့၌ မင်းဘူး (စကု) မြို့နယ်၊ ကြာကန်ကျေးရွာ၊ အောက်ကျောင်းကျေးရွာ၊ နန်းဦးကျေးရွာ၊ လေးအိမ်တန်းကျေးရွာ၊ လက်ပတောကျေးရွာ၊ ပေါက်ကုန်းကျေးရွာတို့တွင် Covid-19 ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေး နိုးဆော်ခြင်းများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#mgy_sep2020