Author Archives: Department of Disaster Management
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ တုတ်ကြီးကျေးရွာအုပ်စု၊ သံပုရာကုန်း ကျေးရွာတွင် (၃၀-၉-၂၀၂၀) နေ့ဖြစ်ပွားသော ကမ်းပြိုပြောင်းရွှေ့ အိမ်ထောင်(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်၊ လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၂,၆၀၀) ကျပ်၊ စုစုပေါင်း(၁၁၂,၆၀၀) ကျပ်တို့ကို (၃-၁၀-၂၀၂၀) ရက်နေ့(၁၄:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ #ha_rbe … Read more
-
ဗန်းမော်မြို့နယ်အတွင်းရှိ IDPs စခန်းများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်မြို့နယ်၊ လီဆူနှစ်ခြင်းဘော်ဒါ IDPs စခန်းမှ အိမ်ထောင်စု (၁၁၃)စု လူဦးရေ(၆၄၅)ဦးအတွက် paris ဆပ်ပြာ (၆၄၅)ခဲ၊ ထုံးအိတ်(၁၀)အိတ်၊ နှစ်-၂၀၀၀ (RC)IDPs စခန်းမှအိမ်ထောင်စု (၁၆၆)စု၊ လူဦးရေ (၇၈၇)ဦးတို့အတွက်ဆပ်ပြာ(၇၈၇)ခဲနှင့် ထုံး(၁၀) အိတ်၊ ရောဘတ်ကျောင်းIDPs စခန်းမှအိမ်ထောင်စု (၆၂၈)စု၊ လူဦးရေ (၃၉၅၅) ဦးတို့အတွက်ဆပ်ပြာ (၃၉၅၅)ခဲနှင့် ထုံး(၁၀) အိတ်၊ မူရင်းနှစ်ခြင်း lDPs စခန်းမှ … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး လူငယ်ရေးရာမူဝါဒ ဆိုင်ရာ မဟာဗျူဟာစီမံချက်အရ ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှု လုပ်ငန်းစီမံချက်ရေးဆွဲ အကောင်အထည်ဖော်နိုင်ရန် ဆက်စပ်ဝန်ကြီးဌာနတာဝန်ရှိသူများ၊ အဖွဲ့အစည်းများ၊ လူငယ်များနှင့် ညှိနှိုင်းဆွေးနွေး
အောက်တိုဘာ ၃၊ နေပြည်တော် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက် ( ၂၀၂၀ – ၂၀၂၄) အရ ဦးစားပေးလုပ်ငန်းဖြစ်သည့် ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှုဆိုင်ရာ လုပ်ငန်းစီမံချက် ရေးဆွဲ အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ Video Conferencing စနစ်ဖြင့် ကျင်းပရာ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ … Read more
-
မြစ်ရေကြီးမှုအခြေအနေသတင်း
မြစ်ရေကြီးမှုအခြေအနေသတင်း ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဒုဋ္ဌဝတီမြစ်ရေသည်မြစ်ငယ်မြို့တွင်ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည်နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ မြစ်ငယ်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။ Source: DMH
-
Covid-19 ကူးစက်ရောဂါအသိပညာပေး နှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်းရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂.၁၀.၂၀၂၀)ရက်နေ့တွင် ပခုက္ကူမြို့ပေါ်ရပ်ကွက်များဖြစ်သည့် အမှတ်(၁/၂/၃/၄/၅/ ၆/၇/၈/၉/၁၀/၁၁/၁၂/၁၃/၁၄/၁၅) ရပ်ကွက်များတွင်လှည့်လည်၍ covid 19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များအား အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_oct2020 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး (၇၅) ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ အတွင်းကျင်းပသည့် စတုတ္ထအကြိမ်မြောက်ကမ္ဘာ့အမျိုးသမီးညီလာခံ (၂၅)နှစ်ပြည့် အထိမ်း အမှတ် အဆင့်မြင့်အစည်းအဝေး၌ ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြား
အောက်တိုဘာလ(၂) ၊ နေပြည်တော် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် အမေရိကန်ပြည်ထောင်စု၊ နယူးယောက် မြို့တွင် ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ(၁)ရက်၊ နယူးယောက်စံတော်ချိန် နံနက်(၉) နာရီ အချိန်တွင် စတင်ကျင်းပခဲ့သည့်(၇၅)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကာလအတွင်း ပြုလုပ်သည့် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံ (၂၅) နှစ်ပြည့်အထိမ်းအမှတ် အဆင့်မြင့်အစည်း အဝေး၌ ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားခဲ့ပါသည်။ အဆိုပါအဆင့်မြင့်အစည်းအဝေးသည် ၁၉၉၅ခုနှစ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘေကျင်း မြို့၌ကျင်းပပြုလုပ်ခဲ့သည့် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံ(၂၅)နှစ်ပြည့်အထိမ်း အမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကျား/မတန်းတူညီမျှမှုရရှိရေးနှင့် အမျိုးသမီးနှင့် မိန်းကလေးငယ်များ၏ စွမ်းပကားမြှင့်တင်ခြင်းတို့ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းခေါင်းစဉ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၉-၂၀၂၀) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ရွှေခဲကျေးရွာအုပ်စု၊ ရွှေခဲကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးမှ ကြိုတင်ပြောင်းရွှေ့နေအိမ်(၁) လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်၊ အိမ်ထောင်စု (၁) စုရှိ လူဦးရေ(၄) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၈,၄၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၈,၄၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၁) အိမ်ထောင်စာတို့အား … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းကျေးရွာတွင် (၃၀-၉-၂၀၂၀) ရက်နေ့တွင် မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်ခဲ့သော မီးဘေးသင့်အိမ်ခြေ (၁) လုံး အိမ်ထောင်စု ( ၁) စုမှ လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၄,၂၀ဝ/-) ကျပ် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-) ကျပ်၊ သေဆုံး သူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀ဝ/-) ကျပ်၊ ဒဏ်ရာရလူနာ(၁) ဦးအတွက် … Read more
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် ရွှေဘိုမြို့နယ်၊ ပိတောက်ခြုံ ကျေးရွာ (၃၀-၉-၂၀၂၀) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသော လူနေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၀၀,၀၀ဝ/-) ကျပ်နှင့် လူဦးရေ (၁၃) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၇,၃၀ဝ/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၂၇, ၃၀ဝ/-) ကျပ်နှင့် အဝတ် Mask (၂၆) ခု တို့အား (၂-၁၀-၂၀၂၀) ရက်နေ့ (၁ဝး၃၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် … Read more
-
မီးဘေးသင့် ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၀-၂၀၂၀)ရက်နေ့၊ (၁၃း၁၀)အချိန်ခန့်တွင် လွိုင်လင်မြို့၊ အရှေ့ပိုင်းကျေးရွာအုပ်စု၊ ဟိုခိုက်ကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်နေအိမ်(၁)လုံး၊ အိမ်ထောင် စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ ကျပ် (၂၀၀၀၀၀/-)၊ လူဦးရေ (၅)ဦးအတွက် ဆန်ရိက္ခာဖိုး(၇) ရက်စာ ကျပ်(၁၀၅၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ ကျပ်(၂၁၀၅၀၀-/)အား (၂-၁၀-၂၀၂၀)ရက်နေ့၊ နေ့လည် (၁၃း၀၀)အချိန်တွင် လွိုင်လင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #shn_oct2020 Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
