လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းကျေးရွာတွင် (၃၀-၉-၂၀၂၀) ရက်နေ့တွင် မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်ခဲ့သော မီးဘေးသင့်အိမ်ခြေ (၁) လုံး အိမ်ထောင်စု ( ၁) စုမှ လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၄,၂၀ဝ/-) ကျပ် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-) ကျပ်၊ သေဆုံး သူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀ဝ/-) ကျပ်၊ ဒဏ်ရာရလူနာ(၁) ဦးအတွက် ထောက်ပံ့ ငွေ (၅၀,၀၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၄၅၄,၂၀ဝ/-) ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး အဝတ် Mask (၄) ခုပါ (၁) အိမ်ထောင်စာတို့အား (၂-၁၀-၂၀၂၀) ရက်နေ့ (၁ဝး၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူထံသို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်းသတင်း ရရှိ ပါသည်။
#ha_fir
#sgw_oct2020
Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)