
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် ရွှေဘိုမြို့နယ်၊ ပိတောက်ခြုံ ကျေးရွာ (၃၀-၉-၂၀၂၀) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသော လူနေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၀၀,၀၀ဝ/-) ကျပ်နှင့် လူဦးရေ (၁၃) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၇,၃၀ဝ/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၂၇, ၃၀ဝ/-) ကျပ်နှင့် အဝတ် Mask (၂၆) ခု တို့အား (၂-၁၀-၂၀၂၀) ရက်နေ့ (၁ဝး၃၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် ဘေးသင့်ပြည်သူထံသို့သွားရောက်ထောက် ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#sgw_oct2020
Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)