Author Archives: Department of Disaster Management
-
သရက်ချောင်းမြို့နယ် ညောင်ဇင်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၂၇-၁-၂၀၁၇) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ) မှ တာဝန်ရှိသူများသည် သရက်ချောင်းမြို့နယ် ညောင်ဇင်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ရွာသူရွာသား စုစုပေါင်း လူဦးရေ ( ၇၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀.၁.၂၀၁၇) ရက်နေ့၌ အ.ထ.က (တောင်ဇင်း) တွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျောင်းသား/သူ (၄၆၀)ဦး တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်းသတင်းရရှိပါသည်။
-
ပြည်သူ့အကျိုးထိရောက်စွာ ဖြည့်ဆည်းပေးနိုင်ရေးဆွေးနွေးဆောင်ရွက်မှုသတင်း
နေပြည်တော်၊ ဇန်နဝါရီ (၃၀) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအားယနေ့နံနက် (၉)နာရီတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Dr. Nikolay Listoadov မှ အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ယင်းသို့တွေ့ဆုံရာတွင် အာဆီယံ-ရုရှား ထိပ်သီးဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ နိုင်ငံတော် သမ္မတကြီး ဦးထင်ကျော် တက်ရောက်ခဲ့ရာတွင် မြန်မာ-ရုရှားနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့သဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်နိုင် ရေးဆွေးနွေးနိုင်ရန် ပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ဝန်ကြီးဌာနမှ ဦးစားပေးဆောင်ရွက်နေသည့် လုပ်ငန်းများရှင်းလင်းဆွေးနွေးခြင်း၊ ရုရှားနိုင်ငံ … Read more
-
ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးရှိ တာဝန်ရှိသူများသည် ACFအဖွဲ့အစည်းနှင့်ပူးပေါင်း၍ စစ်တွေမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးခန်းမ၌ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းအား သင်တန်းသားဦးရေ (၂၈)ဦးဖြင့် (၂၆-၁-၂၀၁၇)နေ့မှ (၂၈-၁-၂၀၁၇)ရက်နေ့အထိ (၃)ရက်သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၁-၂၀၁၇) ရက်နေ့ နံနက်ပိုင်းတွင် ဟိုပုံးမြို့နယ်၊ အထက (၁)ခန်းမ၌ မြို့နယ်အဆင့် အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ ဒေါက်တာအောင်သန်းမောင် မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးမှ သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ လူမှုဝန်ထမ်း၊ ပြည်နယ်မှူးမှ မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေးဟောပြောခြင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် ပြည်နယ်ကုသရေးဦးစီးဌာနမှ ဒေါက်တာအောင်ထင်လင်းက ကျန်းမာရေးဆိုင်ရာ ဟောပြောဆွေးနွေးခြင်းတို့ဆောင်ရွက်ခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအပါအဝင် အင်အား (၁၆၈) ဦး တက်ရောက်ခဲ့ကြပြီး၊ သဘာဝဘေး ပညာပေးစာစောင်များဖြန့်ဝေခြင်း၊ … Read more
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ မြန်အောင်မြို့နယ်၊ မြစ်ကျိုးအုပ်စု၊ အစုကြီးကျေးရွာတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေး ဟောပြောဆွေးနွေးခဲ့ရာ ရွာသူရွာသား (၁၂၀) တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာကြသော ပြည်သူများအား အသိပညာပေး စာစောင်များ ဝေငှခဲ့ကြောင်းသတင်းရရှိပါသည်။
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့၊ နေခြည်ကျောင်းရှိ ကျောင်းသား/ကျောင်းသူ (၁၀၀)အား (၂၆-၁-၂၀၁၇) ရက်နေ့က သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးရှိ တာဝန်ရှိသူများသည် နမ္မတူမြို့အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၃၁၀)စုမှ လူဦးရေ (၁၁၆၈)ဦးအတွက် (၁) အိမ်ထောင်လျှင် ဆီ (၅၀) ကျပ်သားနှုန်းဖြင့်တန်ဖိုးငွေကျပ် (၆၂၀၀၀၀)၊ တစ်အိမ်ထောင်လျှင် ငါးသေတ္တာ (၃) ဗူးနှုန်းဖြင့် တန်ဖိုးငွေကျပ် (၃၇၂၀၀၀)၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၉၉၂၀၀၀)အား (၂၈-၁-၂၀၁၇) နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်းနှင့် သဘာဝဘေးပညာပေးလက်ကမ်းစာစောင်များ၊ DAN Mobile Application အသုံးပြုပုံနည်းလမ်းများအား ဖြန့်ဝေ ရှင်းလင်းပြောကြားမှုသတင်း
(၂၇.၁.၂၀၁၇) ရက်နေ့၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်မဲမြို့နယ်၊ ကျင်သက်ကြီးကျေးရွာနေ ပြည်သူ (၁၀၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ သဘာဝဘေးအန္တရာယ်(၈) မျိုး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း DAN application အကြောင်းရှင်းလင်းခြင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ သဘာဝဘေးအန္တရာယ် (၈) မျိုး ပိုစတာများ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်းနှင့် သဘာဝဘေးပညာပေးလက်ကမ်းစာစောင်များ၊ DAN Mobile Application အသုံးပြုပုံနည်းလမ်းများအား ဖြန့်ဝေ ရှင်းလင်းပြောကြားမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဦးစီးဌာန သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် (၂၆-၁-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ ထုံးတောင်ကျေးရွာတွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် သတင်းများ မိုးလေဝသသတင်းများ အရေးပေါ်ဖုန်းနံပါတ်များ အသိပညာပေး လက်ကမ်းစာစောင်များပါဝင်သည့် DAN application အကြောင်း ရှင်းလင်းပြောကြားပေးပြီး လက်ကမ်းစာစောင်နှင့် ခေါက်ဆွဲခြောက်ထုပ်များဝေငှပေးခဲ့ပြီး အဆိုပါဟောပြောပွဲသို့ ပြည်သူလူထု (၁၄၅) ဦး ခန့်တက် ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
