Author Archives: Department of Disaster Management

  • လပ္ပတ္တမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်မှုသတင်း

    လပ္ပတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စားသုံးသူရေးရာဦးစီးဌာန၊ မီးသတ်ဦးစီးဌာန တို့နှင့်ပူးပေါင်း၍ (၂-၂-၂၀၁၇) ရက်နေ့တွင် လပ္ပတ္တာမြို့နယ်ရှိ အမှတ် (၆) အခြေခံပညာ မူလတန်းကျောင်းတွင် ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၂၂၃)ဦး နှင့်အမှတ် (၇) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ဆရာ/ ဆရာမနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၉၈)ဦးတို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများ ပြုလုပ်ကျင်းပခဲ့ပါသည်။

  • တနင်္သာရီတိုင်းဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေးအသိပညာပေးမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ (၂-၂-၂၀၁၇) ရက်နေ့တွင် လောင်းလုံးမြို့နယ်၊ ရှမ်းမော်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးခြင်း၊ သဘာဝဘေးဆောင်ရန်/ရှောင်ရန်များနှင့် မီးသတ်ဦးစီးဌာနမှ လက်တွေ့မီးငြိမ်းသတ်ခြင်းများပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ဒေသနေပြည်သူများ ၁၀၀ ခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • တနင်္သာရီတိုင်းဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေးအသိပညာပေးမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၂-၂၀၁၇) ရက်နေ့တွင် သရက်ချောင်းမြိုနယ်၊ သင်းကျွန်းကျေးရွာ၌ သဘာဝဘေးအသိပညာပေးခြင်း၊ ရာသီဥတုပြောင်းလဲခြင်းအပေါ် လိုက်လျောညီထွေနေထိုင်ခြင်း၊ လက်ကမ်းစာစောင်နှင့် ပိုစတာများဝေငှခြင်းများပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ဒေသနေပြည်သူများ ၂၀၀ ခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • မြိတ်ခရိုင်၊ တနင်္သာရီခရိုင်မြို့နယ်တွင် မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ရမ်းဖိုကျေးရွာတွင် (၂၃-၁-၂၀၁၇)ရက်နေ့ကဖြစ်ပွားခဲ့သော မီးဘေးသင့်အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး (၅၀,၀၀၀)ကျပ်နှင့် ဆန် (၃)ရက်စာ (၂,၇၀၀)ကျပ်အား (၃၁-၁-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events