Author Archives: Department of Disaster Management
-
ကချင်ပြည်နယ်၊ အင်ဂျန်ယန်မြို့နယ်အတွင်း လေပြင်းဘေးသင့် ပြည်သူများအား ထောက်ပံ့မှုသတင်း
ကချင်ပြည်နယ်၊ အင်ဂျန်ယန်မြို ့နယ်တွင် (၉-၄-၂၀၁၇) ရက်နေ့ဖြစ်ပွားသော လေပြင်းမုန်တိုင်းတိုက်ခက်မှုကြောင့် ဘေးသင့်အိမ်ခြေ(၁၀၅)လုံး အိမ်ထောင်စု (၁၀၅)စု လူဦးရေ (၄၇၀) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉ )မျိုး (၈၁) အိမ်ထောင်စာနှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး အမိုးလန် (၂၄) အိမ်ထောင်စာ ဆန်ဖိုး( ၇ )ရက်စာ (၉၈၇၀၀၀ိ/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၇၀၀၀၀၀ိ/-) အား (၂၂-၄-၂၀၁၇)ရက်နေ့တွင် ကချင်ပြည်နယ်ဦးစီးမှူး(ကဆရ)မှ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဒေါ်မရန်ဂျာဆိုင်းခေါန်ထံမှတဆင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုနှင့် လေပြင်းဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်း (၂၀.၄.၂၀၁၇) ရက်နေ့ (၁ရး၁၅)နာရီတွင် တိုက်ခတ်ခဲ့သောလေပြင်းဘေးကြောင့် ဘေးဒုက္ခခံစားခဲ့ရသည့် အိမ်ထောင်စု(၅)စုနှင့်လူဦးရေ (၁၆)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၁၀၀၀၀၀ိ/-)နှင့် ဆန်ရိက္ခာဖိုးငွေကျပ် (၃၃၆၀၀ိ/-) တို့အား မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတာဝန်ရှိသူများလိုက်ပါလျက် သွားရောက်ထောက်ပံ့ခဲ့ပြီး၊ (၂၁.၄.၂၀၁၇)ရက်နေ့တွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေး ပြည်သူသို့ပန်ကြားချက် ဗီနိုင်းများစိုက်ထူခြင်း အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်
-
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၂၁-၄-၂၀၁၇)ရက်နေ့၊ မြောက်ဦးမြို့နယ်၊ တိမ်ညိုကျေးရွာအုပ်စု၊ တိမ်ညိုရွာဟောင်းကျေးရွာတွင် (၁၄းဝ၀)အချိန်ခန့်တွင်ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့်လူနေအိမ်(၅)လုံးတစိတ်တပိုင်းပျက်စီးခဲ့ကာ လူနေအိမ်(၃)လုံးမှာ ပြိုကျပျက်စီးခဲ့ရပြီး အိမ်ထောင်စု(၈)စုမှ ကျား(၁၆)ဦး မ(၁၄)ဦး စုစုပေါင်း(၃၀)ဦး လေဘေးသင့်ခဲ့ရပါသည်။ အဆိုပါလေဘေးသင့်အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး(၃)အိမ်ထောင်စုစာ၊ ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး(၅)အိမ်ထောင်စုစာအား မြောက်ဦးခရိုင်ဦးမှူးရုံးမှတာဝန်ရှိသူများမှ(၂၁-၄-၂၀၁၇)ရက်နေ့ (၁၈း၃၀)အချိန်တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိပါသည်။
-
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်ရှိ သောင်ဦးဘုန်းကြီးကျောင်းတွင် (၂၀.၄.၂၀၁၇)ရက်နေ့ ဖြစ်ပွားသောမီးဘေးအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၃၀၀၀၀၀)ကျပ်၊ သင်္ကံန်း(၂)စုံ၊ သွပ် (၂၀၀)ချပ် တို့ကို (၂၁.၄.၂၀၁၇) ရက်နေ့တွင် ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ကွင်းဆင်းထောက်ပ့ံခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်အတွင်း မိုင်းထိပြည်သူအား ထောက်ပံ့ပေးမှုသတင်း
(၂၁.၄.၂၀၁၇ ) ရက်နေ့တွင် ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ ပြင်ဦးလွင်ရပ်ကွက်တွင် မိုင်းထိသေဆုံးသူတစ်ဦးနှင့် ဒဏ်ရာရသူနှစ်ဦးတို့အတွက် ထောက်ပံ့ငွေကျပ် (၄)သိန်းကို ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ဗန်းမော်ခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများမှ သွားရောက်ထောက်ပံ့ခဲ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာများသို့ သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးဝန်ထမ်းများမှ နွေရာသီသောက်သုံးရေရှားပါးလျျှက်ရှိသော ဖရူဆိုမြို့နယ်ဒေါကူလယ် ကေ ျးရွာသို့ (၁၁၀၀)ဂါလံဆန့်ေ ရသယ်ယာဉ် (၁)စီး၊ထီးဒီးကူး ကေ ျးရွာသို့ (၁၁၀၀)ဂါလံဆန့် ရေသယ်ယာဉ်(၁)စီး၊ စုစုပေါင်း ရေသယ်ယာဉ်(၂)စီးနင့် ေ ရသန့်ေ ဆးထုပ်မ ျား ကို (၂၁.၄.၂၀၁၇)ရက် နေ့တွင် သွားရောက်ဖြန့်ဝေလှူဒါန်းခဲ့ကြောင်းသတင်းရရှိပါသည်။
-
British Council ပျိုးပင်အစီအစဉ်မှ Mr.Gerry Fox နှင့်အဖွဲ့အားပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးလက်ခံတွေ့ဆုံမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် British Council ပျိုးပင်အစီအစဉ်(Pyoe Pin Programme)၏ အဖွဲ့ ခေါင်းဆောင်ဖြစ်သူ Mr. Gerry Fox ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားဝန်ကြီးရုံးမေခလာခန်းမတွင် ယမန်နေ့ နံနက်(၁၀:၀၀)နာရီကလက်ခံတွေ့ဆုံခဲ့ပါသည်။ ယင်းသို့တွေ့ဆုံရာတွင် British Council ပျိုးပင်အစီအစဉ်(Pyoe Pin Programme)အနေဖြင့် ရခိုင်ပြည်နယ်အတွင်း အဝတ်အထည်ချုပ်လုပ်ငန်း (Garment Factory) များ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် Training Center များ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာကိစ္စရပ်များ၊ ဒေသဆိုင်ရာအချက် အလက်များ၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီထောက်ပံ့မှုများ၊ … Read more
-
ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အောင်သီရိကျေးရွာတွင် သောက်ရေသန့်လှူဒါန်းမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ်၊ သပြေစမ်းအုပ်စု၊ အောင်သီရိကျေးရွာရှိ အိမ်ခြေ (၁၂၃)လုံး အိမ်ထောင်စု (၁၃၆)စုမှ လူဦးရေ (၅၆၅)ဦးအတွက် သောက်ရေသန့် ဂါလန် (၁၀၀၀)ကို (၂၁-၄-၂၀၁၇)ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကျောက်တန်းမြို့နယ်ရှိ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသောအိမ်ခြေများအတွက် ထောက်ပံ့မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ တာပကျေးရွာအုပ်စု၊ တာပကျေးရွာနှင့် ဇီးဖြူကုန်းကျေးရွာတို့တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော အိမ်ခြေ(၂)လုံးမှ အိမ်ထောင်စု(၂)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်းများကို ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ (၂၀-၄-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လေဘေးကြိုတင်ကာကွယ်ရေး ပြည်သူများသို့ပန်ကြားချက်လက်ကမ်း စာစောင်များ ဖြန့်ဝေမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် လေဘေးကြိုတင်ကာကွယ်ရေး ပြည်သူများသို့ပန်ကြား ချက်လက်ကမ်းစာစောင်များနှင့် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ အား မုံရွာမြို့ရှိ ဘူတာရုံနှင့် ကားဂိတ်များသို့ လိုက်လံဖြန့်ဝေခဲ့ကြောင်းသတင်းရရှိ ပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
