(၂၁-၄-၂၀၁၇)ရက်နေ့၊ မြောက်ဦးမြို့နယ်၊ တိမ်ညိုကျေးရွာအုပ်စု၊ တိမ်ညိုရွာဟောင်းကျေးရွာတွင် (၁၄းဝ၀)အချိန်ခန့်တွင်ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့်လူနေအိမ်(၅)လုံးတစိတ်တပိုင်းပျက်စီးခဲ့ကာ လူနေအိမ်(၃)လုံးမှာ ပြိုကျပျက်စီးခဲ့ရပြီး အိမ်ထောင်စု(၈)စုမှ ကျား(၁၆)ဦး မ(၁၄)ဦး စုစုပေါင်း(၃၀)ဦး လေဘေးသင့်ခဲ့ရပါသည်။ အဆိုပါလေဘေးသင့်အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး(၃)အိမ်ထောင်စုစာ၊ ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး(၅)အိမ်ထောင်စုစာအား မြောက်ဦးခရိုင်ဦးမှူးရုံးမှတာဝန်ရှိသူများမှ(၂၁-၄-၂၀၁၇)ရက်နေ့ (၁၈း၃၀)အချိန်တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိပါသည်။