မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုနှင့် လေပြင်းဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

2SinKu_22_4_2017

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်း (၂၀.၄.၂၀၁၇) ရက်နေ့ (၁ရး၁၅)နာရီတွင် တိုက်ခတ်ခဲ့သောလေပြင်းဘေးကြောင့် ဘေးဒုက္ခခံစားခဲ့ရသည့် အိမ်ထောင်စု(၅)စုနှင့်လူဦးရေ (၁၆)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၁၀၀၀၀၀ိ/-)နှင့် ဆန်ရိက္ခာဖိုးငွေကျပ် (၃၃၆၀၀ိ/-) တို့အား မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတာဝန်ရှိသူများလိုက်ပါလျက် သွားရောက်ထောက်ပံ့ခဲ့ပြီး၊ (၂၁.၄.၂၀၁၇)ရက်နေ့တွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေး ပြည်သူသို့ပန်ကြားချက် ဗီနိုင်းများစိုက်ထူခြင်း အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်

Sign Up

Upcoming Events