လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် British Council ပျိုးပင်အစီအစဉ်(Pyoe Pin Programme)၏ အဖွဲ့ ခေါင်းဆောင်ဖြစ်သူ Mr. Gerry Fox ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားဝန်ကြီးရုံးမေခလာခန်းမတွင် ယမန်နေ့ နံနက်(၁၀:၀၀)နာရီကလက်ခံတွေ့ဆုံခဲ့ပါသည်။
ယင်းသို့တွေ့ဆုံရာတွင် British Council ပျိုးပင်အစီအစဉ်(Pyoe Pin Programme)အနေဖြင့် ရခိုင်ပြည်နယ်အတွင်း အဝတ်အထည်ချုပ်လုပ်ငန်း (Garment Factory) များ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် Training Center များ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာကိစ္စရပ်များ၊ ဒေသဆိုင်ရာအချက် အလက်များ၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီထောက်ပံ့မှုများ၊ Garment Factory အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အဓိကလိုအပ်သည့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုအဖွဲ့များနှင့် ချိတ်ဆက်နိုင်မည့် နည်းလမ်းဖော်ထုတ်ရေးကိစ္စရပ်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလက်အောက်ရှိသင်တန်းကျောင်းများတွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့် သင်တန်းဆိုင်ရာကိစ္စရပ်များအပါအဝင် British Council ပျိုးပင်အစီအစဉ်(Pyoe Pin Programme)နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဝတ်အထည်ချုပ်လုပ်ငန်း (Garment Factory) ထိရောက် အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု သဘောတူစာလွှာ ရေးထိုးနိုင်ရန်ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။