Author Archives: Department of Disaster Management

  • လေဘေးသင့်ပြည်သူများအားထောက်ပ့ံမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၄-၂၀၁၇)ရက်နေ့တွင် မြောက်ဦးမြို့နယ်၊ တိန်ညိုကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လုံးဝပျက်စီးသွားသော ဓနိမိုး ထရံကာ ၀ါးခင်း လူနေအိမ် (၃) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး ဓနိမိုး ထရံကာ ၀ါးခင်းလူနေအိမ် (၁) လုံးနှင့် သွပ်မိုး ပျဉ်ခင်း ထရံကာ လူနေအိမ် (၄) လုံး၊ အိမ်ထောင်စု (၈) စုမှ လူဦးရေ (၃၀) ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ (၆၃၀၀၀ိ/-)ကျပ်နှင့်အိမ်ဆောက်ပစ္စည်းဖိုး (၈၀၀၀၀၀ိ/-)ကျပ်တို့အား သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • မြစ်ကြီနား၊ ဝိုင်းမော်၊ ဗန်းမော်နှင့် ပူတာအိုမြို့တို့ရှိ IDPs စခန်းများအား ထောက်ပံ့ပေးမှုသတင်း

    နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှထောက်ပံ့သောငွေဖြင့် ထောက်ပံ့ရန် ကျန်ရှိသည့် မြစ်ကြီးနား မြို့နယ်အတွင်းရှိ IDPs စခန်း(၁၇) ခု နှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ စခန်း(၁၀) ခုအား ကချင်ပြည်နယ်ဉ်ီးစီးမှူးမှ (၁၉/၂၀ /၂၁ /၂၂-၄-၂၀၁၇) ရက်နေ့များတွင်  သွားရောက်ထောက်ပံ့ခဲ့ပါသည်။ (၂၄-၄-၂၀၁၇) ရက်နေ့တွင် ပူတာအိုမြို့ရှိ IDPs စခန်း(၂) ခုသို့ ထောက်ပံ့မည့်ပစ္စည်းများအား မော်တော်ယာဉ်ဖြင့် ပို့ဆောင်ကာ  မြစ်ကြီနား၊ ဝိုင်းမော်၊ ဗန်းမော်နှင့် ပူတာအိုမြို့တို့ရှိ IDPs စခန်းများရှိ အိမ်ထောင်စု (၄၁၅၀) စု  လူဦးရေ (၂၀၈၈၁) ဦးတို့အတွက် ဆန် … Read more

  • ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း လေဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    (၂၁့၄့၂၀၁၇) ရက်နေ့တွင် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာအုပ်စု လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးအိမ် (၅)အိမ်၊ အိမ်ထောင်စု (၅) စုမှ လူဦးရေ (၂၈) ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း၄မျိုး အိမ်ထောင်စု (၅) စုစာနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် (၁)သိန်း၊ အိမ် (၅) အိမ်အတွက် တစ်အိမ်(၅)သောင်းနှုန်းဖြင့် (၂)သိန်း (၅)သောင်း တို့အား (၂၂့၄့၂၀၁၇) ရက်နေ့တွင် သွားရောက်ထောင်ပ့ံခဲ့ပြီး၊ လေပြင်းဘေးကြိုတင် ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ ပန်ကြားချက် လက်ကမ်းစာစောင်များအား မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများနှင့် ပူးပေါင်းကာ … Read more

  • စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် (၃-၄-၂၀၁၇)ရက်နေ့ကဖြစ်ပွားခဲ့သော လေဘေးကြောင့် တုတ်ကြီးကျေးရွာရှိ ပြိုကျပျက်စီးအိမ်(၁)အတွက် ကယ်ဆယ်ရေးပစ္စည်း( ၉ )မျိုး၊ တစ်အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀) သံပုရာကုန်းကျေးရွာ အမိုးလန်ပျက်စီးအိမ်( ၃ )အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၇၂၀၀၀)၊ ရေနီကျေးရွာ အိမ်ထောင်စု (၃)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၇၂၀၀၀) တို့ကို (၂၂-၄-၂၀၁၇) နေ့  ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ ထွေ/အုပ်နှင့် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတို့နှင့်အတူ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

  • မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်အတွင်း လေပြင်းဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန် ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁.၄.၂၀၁၇)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာတွင် လေပြင်းတိုက်ခတ် မိုးရွာသွန်းမှုကြောင့်် ဘေးသင့်အိမ်ခြေ(၉)လုံး၊ အိမ်ထောင်စု(၉)စု၊ လူဦးရေ(၃၃)ဦးတို့အား ဆန်ဖိုး(၇)ရက်စာ (၆၉၃၀၀ိ/-)ကျပ် ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၉၀၀၀၀ိ/-)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုးတို့အား (၂၂ ့ ၄ ့ ၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပ့ံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events