Author Archives: Department of Disaster Management

  • လေပြင်းဘေးထောက်ပံ့မှုသတင်း

    မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၄-၄-၂၀၁၇) ရက်နေ့ တွင် ဘူးသီးတောင်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ယင်းမကျောင်း တောင်ကျေးရွာအုပ်စု၊  ယင်းမကျောင်းတောင်ကျေးရွာတွင် နေအိမ် (၈) လုံး ပြိုလဲ ပျက်စီးခြင်းအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးစီ နှင့် အမိုးလန် (၂၇) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးစီအား (၂၇-၄-၂၀၁၇) ရက်နေ့တွင် ဘူးသီးတောင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့တဆင့် သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • လေဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၄-၂၀၁၇) ရက်နေ့တွင် တန့်ဆည်မြို့နယ်၊ အိုင်လျှားရှည်ကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးအကာပျက်စီး နေအိမ် (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး၊ အိမ်ထောင်စု (၃) စုစာနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၈၀,၀၀၀ိ/-)ကျပ်တို့အား (၂၅-၄-၂၀၁၇) ရက်နေ့တွင် တန့်ဆည်မြို့နယ်စီမံခန့်ခွဲမှုကော်မတီထံ လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • လေဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၄-၂၀၁၇) ရက်နေ့နှင့် (၂၄-၄-၂၀၁၇) ရက်နေ့တို့တွင် ကနီမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးအကာပျက်စီး နေအိမ် (၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး၊ အိမ်ထောင်စု (၄) စုစာနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၆၀,၀၀၀ိ/-)ကျပ်တို့အား ကနီမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ (၂၇-၄-၂၀၁၇) ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် မုန်တိုင်းဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင်းခန်းများ ပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးနှင့်ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် (၂၆-၄-၂၀၁၇)ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ Karen Baptists Covention (KBC)မှ ဖွင့်လှစ်သော “အရေးပေါ်အစီအစဉ်ရေးဆွဲခြင်းနှင့်ကြိုတင်သတိပေးစနစ်အပေါ် ရပ်ရွာအခြေပြုကော်မတီမှ စီစဉ်ရေးဆွဲပြီး လက်တွေ့လုပ်ဆောင်ရန်အတွက် စွမ်းဆောင်ရည်မြှင့်သင်တန်း” တွင် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအကြောင်းသိကောင်းစရာများ၊ DAN Application အသုံးပြုပုံနှင့် အသုံးဝင်ပုံများ၊ မုန်တိုင်းဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင်းခန်းများ ပြုလုပ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

  • ကျိုင်းတုံမြို့နယ်၊ မိုင်းနော့၊ ဖာတကျေးရွာအုပ်စု နမ့်လောင်ရွာ၌ ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၄-၂၀၁၇)ရက်နေ့တွင် ကျိုင်းတုံမြို့နယ်၊ မိုင်းနော့၊ ဖာတ ကျေးရွာအုပ်စု၊ နမ့်လောင်ရွာ၌ ဖြစ်ပွားသော မီးဘေးအတွက် မီးဘေးသင့်အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဘေးသင့်လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး (၂၁,၀၀၀ိ/-)ကျပ်နှင့် (ပျဉ်ခင်း၊ပျဉ်ကာ၊သွပ်မိုး) အိမ်အမျိုးအစားအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀,၀၀၀ိ/-)ကျပ်၊ စုစုပေါင်း (၄၂၁,၀၀၀ိ/-)ကျပ်တို့အား (၂၆-၄-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • မိုးညှင်းမြို့နယ်၊ နန်းမားကျေးရွာတွင် ဓါတ်လိုက်၍သေဆုံးမှုအတွက် ထောက်ပံ့ပေးမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၄-၂၀၁၇)ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ နန်းမားကျေးရွာအုပ်စု၊ နန်းခမ်းရပ်၊ ဗိုလ်တဲလမ်းပေါ်တွင် ဓါတ်လိုက်၍ သေဆုံးသွားသော နန်းမားကျေးရွာနေ ဦးမောင်ချင်းအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-)ကျပ် အား (၂၅-၄-၂၀၁၇) ရက်နေ့တွင် မိုးညှင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ လွှဲပြောင်းထောက်ပံ့ပေး ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events