Author Archives: Department of Disaster Management
-
လျှပ်တစ်ပြက်ရေကြီးခြင်းမှကြိုတင်ပြင်ဆင်နိုင်စေရန်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၁၇) ရက်နေ့တွင် ရမည်းသင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ညှိနှိုင်းလျက် ဆက္ထိုးပေါက်ကျေးရွာနှင့် အောင်ချမ်းသာကျေးရွာတို့တွင် လျှပ်တစ်ပြက်ရေကြီးခြင်းမှ ကြိုတင်ပြင်ဆင်နိုင်စေရန်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ကျေးရွာသူ/သားများနှင့်အတူ မြို့နယ် ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ်ဆရာဝန်နှင့် ပြည်သူ့ကျန်းမာရေးအဖွဲ့အစည်းများ စုစုပေါင်းလူဦးရေ (၄၀၀)ကျော်ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
နမ့်စန်မြို့နယ်၊ ဟိုက်ဖက်ကျေးရွာရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၅-၂၀၁၇) ရက်နေ့တွင် နမ့်စန်မြို့နယ်၊ ဟိုက်ဖက်ကျေးရွာရှိ လေဘေးသင့်ပြည်သူများအတွက် အိမ်ထောင်စု (၈၀) စုစာ ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးစီအတွက် တန်ဖိုးငွေ (၆၅၀,၄၀၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇,၃၆၀,၀၀၀ိ/-)ကျပ်နှင့် ဒဏ်ရာရသူတစ်ဦးအတွက်ထောက်ပံ့ငွေ (၅၀,၀၀၀ိ/)ကျပ်၊ စုစုပေါင်း (၈,၀၆၀,၄၀၀ိ/-) ကျပ်တို့အား (၂-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပ့့ံပေးခဲ့ပြီး သဘာဝဘေးအန္တရာယ်လျော့ပါးရေး ဆွေနွေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဝေငှခြင်းများပြုလုပ်ခဲ့ပါသည်။ နမ်းစန်တပ်နယ်မှူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများ၊ ဒေသခံအဖွဲ့အစည်းများနှင့် အဆိုတော်ချမ်းချမ်းတို့မှလည်း သွပ်အချပ်ရေ (၂၀၀၀) ကျော်အား ၀ိုင်းဝန်းစုပေါင်းလှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နားမခေါ်ကျေးရွာတွင် လေဘေးသင်းပြည်သူများအားထောက်ပံ့မှုသတင်း
ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ၊ နားမခေါ်ကျေးရွာတွင် (၂၉ – ၄ – ၂၀၁ရ) ရက်နေ့တွင်ဖြစ်ပွား သော လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၂၂) လုံး အမိုးလန်ပျက်စီးခဲ့ရာ အမိုးလန်အိမ်ခြေ (၂၂) လုံးရှိ အိမ်ထောင်စု (၂၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀၀) ကျပ် တို့ကို ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂ – ၅ -၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး … Read more
-
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာသို့ သောက်သုံး ရေများဖြန့်ဝေမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂ – ၅ -၂၀၁၇) ရက်နေ့တွင် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ညောင်ပင်သာ ကျေးရွာ (အုန်းပင်တဲတိုက်နှင့်ညောင်ပင်ချောင်တဲတိုက်) မှ အိမ်ခြေ (၁၅၀)၊ လူဦးရေ (၇၅၀) ဦးတို့ အတွက် သောက်သုံးရေဂါလံပေါင်း (၇၂၀၀) ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း လေပြင်းဘေးကြိုတင်ကာကွယ်ရေး ပြည်သူပညာပေးဗွီနိုင်းပိုစတာစိုက်ထူပြီးစီးမှုသတင်း
ကယ်ဆယ်ရေးနှင်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၁.၅.၂၀၁၇) နေ့တွင် ကျောက်ဆည်ခရိုင်မီးသတ်ဦးစီးမှုးရုံးနှင့်ပူးပေါင်းလျက် လေပြင်းဘေးကြိုတင်ကာကွယ်ရေး ပြည်သူပညာပေးဗွီနိုင်းပိုစတာအား ကျောက်ဆည်ခရိုင်မီးသတ်ဦးစီးမှုးရှေ့၌ မီးသတ်တပ်ဖွဲ့နေ့ ပြည်သူပညာပေးစီစဉ်မှုအနေဖြင့် စုပေါင်းစိုက်ထူခဲ့ကြကြောင်း သတင်းရရှိပါသည်။
-
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်အတွင်း လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၂၉.၄.၂၀၁၇) နေ့တွင်ဖြစ်ပွားသော လေပြင်းဘေးကြောင့် မြစ်သားမြိုနယ်၊ အင်းရင်းကျေးရွာ၊ ဆင်ခြံကျေးရွာမှ သစ်ပင်ပိသေဆုံးသူ ဦးဝင်းကျော် အသက် (၃၂) နှစ် အတွက် သေဆုံးထောက်ပ့ံငွေ (၃)သိန်းအား ဆင်ခြံကျေးရွာသို့သွားရောက်၍ လည်းကောင်း၊ သစ်ပင်ပိ၍ ကျောက်ဆည်ဆေးရုံတက်ရောက်ကုသနေသော ဦးဇော်ဦး အသက် (၂၉) နှစ်၊ မသူဇာလွင် အသက် (၂၅) နှစ် တို့အား တစ်ဦးလျှင် (၅၀၀၀၀) နှုန်းဖြင့် ကျောက်ဆည်ဆေးရုံသို့ သွားရောက်၍ လည်းကောင်း (၁.၅.၂၀၁၇) နေ့တွင် ကွင်းဆင်းထောက်ပ့ံပေးခဲ့ပါသည်။ အလားတူ … Read more
-
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာများကို ထောက်ပံ့ပေးမှုသတင်း
ကချင်ပြည်နယ၊် မြစ်ကြီးနားမြို့၊ ပလန(ငွေပျော်စံပြ)ကျေးရွာ (၂၉.၄.၂၀၁၇ )ရက်နေ့တွင် ဖြစ်ပွားသော မိုးသည်းထည်စွာရွာမှုနှင့် လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်အိမ်ထောင်စု(၁)စု လူဦးရေ(၅)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး ဆန်ရိက္ခာဖိုးငွေ(၁၀၅၀၀)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀)ကျပ်တို့ကို ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူက (၁.၅.၂၀၁၇)ရက်နေ့တွင် ဘေးသင့်အိမ်ထောင်စုထံသို့ ထောက်ပ့ံပေးခဲ့ကြောင်းသတင်းရရှိပါသည်။
-
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၅-၂၀၁၇) ရက်နေ့တွင် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ (ကန်နှစ်ဆင့်ကုန်းတဲတိုက်)မှ အိမ်ခြေ (၁၃၅)၊ လူဦးရေ (၆၅၀)ဦးတို့အတွက် ရေဂါလံ(၇၂၀၀)ကို ဖြန်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းရှိ ကျေးရွာများသို့ ဆိုလာမီးအိမ်များ ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် (၃၀-၄-၂၀၁၇) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း ရှိ ရွက်ညိုတောင်ကျေးရွာရှိ အိမ်ထောင်စု (၄၃) စုအတွက် ဆိုလာမီးအိမ် တစ်အိမ်ထောင် (၁)လုံးနှုန်းဖြင့် ဆိုလာမီးအိမ် (၄၃) လုံးကို တာဝန်ရှိသူများမှ သွားရောက်ထောက်ပံ့ပေးခဲ့ ကြောင်း သတင်းရရှိပါသည်။
-
ရှမ်းပြည်နယ်၊ ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာများသို့ သောက်သုံးရေများဖြန့်ဝေပေးနေမှုသတင်း
ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၄-၂၀၁၇) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုနှင့် ကြုံတွေ့နေရသော ပင်းတယမြို့နယ်၊ ကူးကော်ကျေးရွာအုပ်စု၊ ကူးကော်ကျေးရွာမှ အိမ်ထောင်စု (၇၀)စု၊ လူဦးရေ (၂၈၈)ဦး၊ ကြိမ်တော်ကျေးရွာမှ အိမ်ထောင်စု (၃၂၀)စု၊ လူဦးရေ (၁၆၀၀)ဦး၊ ရှမ်းရွာမှ အိမ်ထောင်စု (၈၀)စု၊ လူဦးရေ (၃၈၃)ဦးအတွက် သောက်သုံးရေ ဂါလံ(၁၀၀၀) အား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
